ဦးစိုင်းကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အသည်းကျော် ၊ မိန်းကလေးတိုင်းရဲ့ ပါးစပ်ဖျားက ကိုကို ၊ဦး ရယ်လို့ ရေပန်းစားရတဲ့ မြန်မာနိုင်ငံရဲ့ စော်အကြည်ဆုံး ဘဲကြီးလို့ ဆိုရမှာပါ။ မိန်းကလေးတိုင်းရဲ့ အသည်းကျော် ဖြစ်သလို လူငယ်ယောကျာ်းလေးတွေရဲ့ စံထားရတဲ့ စတိုင်လ်၊ ဖက်ရှင်လ် နဲ့ life Style ကို ပိုင်ဆိုင် ထားတဲ့ ဦးစိုင်းကတော့ လက်ရှိမှာ မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ SAI cosmetics ရဲ့ တည်ထောင်သူဖြစ်ပါတယ်။

Hip hop ဂီတကို ရူးသွပ်တဲ့ Hip hop အဆိုတော် တစ်ဦး ဖြစ်သလို စိုင်းစိုင်း မွေးနေ့ Show ဆို လူငယ် မိန်းကလေး၊ ယောကျာ်းလေး ပျိုပျိုအိုအို မကျန် ယနေ့တိုင် ကြိတ်ကြိတ်တိုးအားပေးခံရသူလည်းဖြစ်ပါတယ်။ 1979 ခုနှစ် ၊ အေပရယ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၃၉) နှစ် ပြည့် ခဲ့ပြီ ဖြစ်သလို အသက်နဲ့ မလိုက်အောင် ငယ်ရွယ် နုပျို လွန်းတဲ့ စန်း နဲ့ အောင်မြင်မှုတွေ ကြောင့် မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ရတဲ့ ပြည်သူချစ် အနုပညာရှင်တွေထဲက တစ်ဦး ဆိုရမှာပါ။

ဦးစိုင်း မွေးထုတ်ပေးခဲ့တဲ့ အမေ ဖြစ်သူ ကတော့ လက်ရှိမှာ အသက်(၆၀) ရှိပြီ ဖြစ်သလို ယနေ့ အိမ်ထောင်မပြုသေးတဲ့ အောင်မြင်တဲ့ သားလိမ္မာကောင်းလေးအတွက် ဂုဏ်ယူလို့ မဆုံးရှိနေမှာပါ။ မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာ ဦးစိုင်း ၊ ကိုကို ၊ ဘကြီး စိုင်းရယ်လို့ စန်းပွင့်လွန်းတဲ့ သားကို မွေးထုတ်ထားတဲ့ ဦးစိုင်းရဲ့ မေမေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ မိန်းကလေးတိုင်းရဲ့ ယောက္ခမ ဖြစ်သွားခဲ့ပါတယ်။ ဦးစိုင်းဟာ အမေနဲ့ ချွတ်စွတ် နီးပါးတူတဲ့ သားချောလေး ဖြစ်သလို သြဂုတ်လ(၇)ရက်နေ့မှာ ကျရောက်တဲ့ ဦးစိုင်းမေမေရဲ့ အသက်(၆၀) ပြည့် မွေးနေ့အတွက် facebook စာမျက်နာထက်နေ မွေးနေ့ ဆုတောင်းရေးသားခဲ့ပြီး ဒီ post အောက်မှာတော့ မိန်းကလေး ပရိသတ်တွေအများဆုံး က "မေမေ" " ယောက္ခမ" "အန်တီ" စသဖြင့်စနောက်ခဲ့ကြတာ ဖြစ်ပါတယ်။ မိန်းကလေးတိုင်းရဲ့ အိမ်မက် မင်းသားလေး ဦးစိုင်းကတော့ ခုချိန်ထိ အိမ်ထောင်မပြုသေးလို့ ရင်အေးစရာ ဖြစ်နေဆဲ လို့ဆိုရမှာပါနော်။ 

Source: sai sai khem leng;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။