မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂လမ်းနှင့် ၈၃လမ်း၊ ၃၈လမ်းနှင့် ၃၉လမ်းကြား တမာကုန်းရွာရပ်ကွက်ဓမ္မာရုံတွင် ဓမ္မစကြာရွတ်ဖတ်နေသည့် အသံချဲ့စက်ကြိုးဖြုတ်ကာ နှောင့်ယှက်ခဲ့သည့် နယ်သာလန်နိုင်ငံသားကို ပြစ်မဗု ပုဒ်မ ၂၉၅(က) နှင့် လဝကဥပဒေပုဒ်မ ၄(၂)၊ ၁၃(၁) ဖြင့်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

၎င်းနယ်သာလန်နိုင်ငံသားသည် ဓမ္မာရုံအတွင်းသို့ ဘုရားခန်းအတွင်း ဖိနပ်စီးဝင်ရောက်ခဲ့သည့်အပြင် ဝတ်ရွတ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည့်အတွက် ယခုကဲ့သို့ အမှုဖွင့်ရကြောင်း သိရသည်။

Source : eleven

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။