ဒီနေ့ဟာ တေးသံရှင်တင်ဇာမော်ရဲ့ အသက် ၄၁ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ တင်ဇာမော်က မွေးနေ့လေးနဲ့တိုင်ဆိုင်စွာပဲ သူမရဲ့ တကိုယ်တော်စီးရီးခွေဖြစ်တဲ့ "7" ကို ဖြန့်ချိပါမယ်လို့ သူမရဲ့ ဖေ့စဘွတ်ခ်စာမျက်နှာမှာ ရေးထားတာကို အခုလိုတွေ့ရပါတယ်။

"

သို့ .....

ချစ်ရတဲ့ ပရိသတ်ကြီး နဲ့ ဆွေမျိုး သူငယ်ချင်း မိတ်ဆွေတို့ရှင်.... ကျွန်မရဲ့ ၄၁နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီရရက် အဂါင်္နေ့မှာ "" 7 "" လို့အမည်ပေးထားတဲ့ ကျွန်မရဲ့ရခွေမြောက် တစ်ကိုယ်တော် တေးသီချင်းCD ကို မြန်မာတစ်ပြည်လုံးသို့ အမှတ်၁၂၄၊ ၄၆လမ်း အပေါ်ဘလောက် ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ The Sun Music Production ကနေစတင်ဖြန့်ချိ ပါမယ်ရှင်...။။

အဲ့ဒီနေ့မှာပဲ အဲ့ဒီဖြန့်ချိရေးဆိုင်မှာ မနက်၁၀နာရီကနေ ညနေ ၅နာရီ အထိ ကျွန်မရှိနေပါမယ်.. လာနိုင်မယ့် ချစ်ပရိသတ်တွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူ ဓာတ်ပုံလေးရိုက်ရင်း လက်မှတ်လေးထိုးပေးရင်း စကားစမြည်လေးပြောရင်း ကျွန်မရဲ့ပျော်စရာမွေးနေ့ကို အမှတ်တရ ဖြတ်သန်းကြမယ်လေ...။။

အားလုံးကို ကြိုတင် ကျေးဇူး အထူး တင်လျှက်....။။

မေတ္တာများစွာဖြင့်.....။။

တင်ဇာမော် ???

#My7thAlbum7 ..... ??

"

မတင်ဇာမော်အနေနဲ့ ယနေ့မှကျရောက်မွေးနေ့လေးမှသည် နောင်နှစ်ပေါင်း ရာချီတိုင်အောင် ဘဝကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။