သရုပ်ဆောင်နန္ဒာလှိုင်ကိုတော့ ချစ်ပရိသတ်ကြီးချစ်မှာပါ။ နန္ဒာလှိုင်ကတော့ တစ်ချိန်တုန်းက မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးသရုပ်ဆောင်အဖြစ် ရပ်တည်နေပြီး သရုပ်ဆောင်ချက်အမျိုးမျိုး ဇာတ်ရုပ်အမျိုးမျိုးကို ပိုင်နိုင် ကျွမ်းကျင်လွန်းတာကြောင့် အကယ်ဒမီတွေများစွာကိုရရှိခဲ့သည်အထိ အောင်မြင်ခဲ့တဲ့ ပြည်သူချစ် အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမကတော့ ယခုမှာ ရေဘေးသင့်ပြည်သူတွေ ညစ်ညမ်းနေတဲ့ ရေတွေမသောက်စေချင်တာကြောင့်နဲ့ ဝမ်းလျှောရောဂါတွေဖြစ်မှာစိုးတာကြောင့် Aqua tabs ရေသန့်ဆေးပြားတွေကို လှူဒါန်းနေပါတယ်။သူမကတော့ " အားလုံးကိုသထုံမြို့အနီးကရွာတွေအတွက် ငယ်ရိပ်ဟောင်းဖောင်ဒေးရှင်းကနေတဆင့်လှူပါမယ်မနေ့က 700 ပို့ပြီးပါပြီ ဒီနေ့ 700 ပို့ပါမယ် မနက်ဖြန်ကျန်တာထပ်ပို့ပါမယ် " လို့ရေဘေးသင့်ပြည်သူတွေလှူဒါန်းနေပါတယ်။ 

နယ်ဘက်တွေမှာရေတွင်းရေကိုဘဲသုံးရတာပါ အခုလိုရေတက်ပြီးရေကျသွားတဲ့အခါအဲဒီတွင်းရေကိုဒီတိုင်းသုံးရတာအရမ်းကြောက်စရာကောင်းပါတယ်ဝမ်းရောဂါဖြစ်မှာစိုးရပါတယ် အဲဒါကြောင့်ရေသန့်ဆေးပြားတွေလှူဒါန်းနေပါတယ်လို့ပြောထားပါတယ်။သူမကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ရေသန့်ဆေးပြားတွေကို အင်တိုက်အားတိုက်နဲ့ သူမကိုယ်တိုင် ဦးဆောင်ပြီး လှူဒါန်းနေသူလဲဖြစ်ပါတယ်။

source: Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။