နာမည်ကျော်အနုပညာရှင်တစ်ဦးလည်းဖြစ်သလို LGBT တစ်ဦးလည်းဖြစ်တဲ့ ဥက္ကာမင်း မောင်တစ်ယောက် သူ့ရဲ့သွားတွေကို ပြုပြင်ပြောင်းလဲပြီးတဲ့ ပုံရိပ်တွေကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ 2014 ခုနှစ်က မညီမညာဖြစ်နေတဲ့သွားတွေကို Dental Braces (သွားထိန်းကြိုး) ကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ မညီညာခဲ့တဲ့သွားတွေဟာ လက်ရှိအချျိန်မှာတော့ ညီညီညာညာလေးနဲ့ အတော်လေးကြည့်ကောင်းနေပါတယ် ပရိသတ်ကြီးရေ။

အနုပညာရှင်ဖြစ်တာကြောင့် ကြည့်ကောင်းဖို့က အဓီကဖြစ်တာကြောင့် အခုလိုပြုပြင်ခဲ့တာပဲ ဖြစ်ပါတယ်။ တပ်စကတော့ နာပေမယ့် အခုလို ရလာဒ်ကောင်းလေးရလာတာကြောင့် ကျေန ပ်ရတယ်လို့လည်းဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ချစ်သူရှိတဲ့ New York မှာ နေထိုင်နေပြီး ချစ်သူရဲ့ မိဘတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ကြပြီး သူတို့နှစ်ယောက်ရဲ့ အမြဲတူတူရှိနေတဲ့ ပုံရိပ်လေးတွေဟာ တကယ်ကို ကြည်နူးစရာပါပဲ။

သွားပြုပြင်ပြီးနောက်ပိုင်း ရလာဒ်ကောင်းတွေပိုင်ဆိုင်ခဲ့တဲ့အကြောင်းကို " 2014 VS 2018 ပုံ ၂ ပုံယှဉ်ကြည့်မှပဲ ရုပ်ပြောင်းသွားတာသတိထားမိတယ်.. လူကြီးရုပ်ပိုပေါက်လာပြီ သွားတွေ ပြင်လာတာ ၂ နှစ်ကျော်ကြာပြီး နောက်.. အရမ်းတော့ နာပေမယ့် သွားတွေညီလာတော့ ပျော်ဒယ်. " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်ကို ညီညာပြီး လှသွားတာကြောင့် ဥက္ကာမင်းမောင်တစ်ယောက် တော်တော်လေးကျေနပ်နေ ပုံရပါတယ် ပရိသတ်ကြီးရေ။

Photo - Ye Htoo Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။