မြန်မာနိုင်ငံရဲ့ နာမည်ကျော်ဟာသ လူရွှင်တော်အဖွဲ့များထဲမှာ ပရိသတ်အချစ်တော်များနဲ့ ဖွဲ့စည်းထားတဲ့ ဖိုက်စတားလူရွှင်တော် အဖွဲ့ကလည်းထိပ်ဆုံးပါဝင်နေပါတယ်။သူတို့ကတော့ မိုးယံလူရွှင်တော်ဖလားပြိုင်ပွဲကြီးကနေ ပရိသတ်တွေစတင်သတိထားမိခဲ့ကြတာဖြစ်ပြီး ဖိုက်စတားအဖွဲ့ဖျော်ဖြေတဲ့ပွဲတိုင်းမှာ ဆန်းသစ်တဲ့ပြတ်လုံးတွေကြောင့် ပရိသတ်တွေ ဝါးလုံးကွဲရယ်မောခဲ့ကြရတာပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေများစွာ လည်းရိုက်ကူးလာခဲ့ကြပြီး တီဗီအစီစဉ်လေးတွေမှာလည်း ရယ်စရာဟာသ အစီစဉ်လေးတွေနဲ့ အမြဲမြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။ 

ဒီတစ်ခေါက်မှာတော့ ဖိုက်စတားအဖွဲ့ဝင်ညီအကို(၅)ယောက် တန်ဖိုးကြီး စမတ်ဖုန်းတွေလက်ဆောင်ရလိုက်လို့ အရမ်းကိုပျော်ရွှင်နေ ကြပါတယ်။သူတို့ကတော့ ၁၀ သိန်းကျော်တန်ဖိုးရှိတဲ့ Samsung ရဲ့ မော်ဒယ်မြင့် စမတ်ဖုန်းဖြစ်တစ်လုံးဖြစ်တဲ့ Samsung S9 ဖုန်းတွေကို တစ်ယောက်တစ်လုံးစီလက်ဆောင်ရလိုက်တာပဲ ဖြစ်ပါတယ်။ဖိုက်စတားအဖွဲ့ဝင် ညီအကိုတွေကတော့ ဖုန်းအသစ်လေး တွေနဲ့ ကိုယ်စီနဲ့ တကယ့်ကို အပျော်ကြီးပျော်ရတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖိုက်စတားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကြာစိရဲ့ လူမှုကွန်ယက်မှာလည်း တန်ဖိုးကြီးလက်ဆောင်တွေရလိုက်လို့ အရမ်းကိုပျော်ရွှင်နေတဲ့ အကြောင်းလေးကို " အထူးကျေးဇူးတင်ဝမ်းသာမိပါတယ်။ အစ်ကိုနဲ့အစ်မ အစိတို့ 5.Stars ၅ယောက်ကို ၁၀သိန်းကျော်တန်ဖိုးကြီးတဲ့ Samsung S9 ဖုန်းတစ်ယောက်တစ်လုံး အမှတ်တရ လက်ဆောင်ပေးတဲ့အတွက် ဘယ်ဖက်ကတစ်ဆုပ်ကြဲ ယာဖက်ကတလှဲဝင် စီးပွားဥစ္စာ ဒီထက်မကတိုးတက်ပြီး အလှူတန်းကြီးတွေနဲ့ သာသနာ့ပြုနိုင်သော ဇနီးမောင်နှံတွေဖြစ်ကြပါစေခင်ဗျာ"လို့လက်ဆောင်ပေးသူတွေကို ဆုမွန်ကောင်းလေးတောင်းပေးထားပါတယ်။ပရိသတ်တွေအတွက်လည်း အပျော်ကြီးပျော်နေတဲ့ ဖိုက်စတားအဖွဲ့ဝင်ညီအကို(၅)ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ကြာစိ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။