အနုပညာနယ်ပယ်အသီးသီးမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တွေကတော့ ဗီယက်နမ်ကို ပျော်ပျော်ပါးပါး ခရီးအတူသွားနေကြတာ တွေ့ရပါတယ်..။

ဗီယက်နမ်ခရီးစဉ်လေးမှာတော့ သရုပ်ဆောင်အနုပညာရှင်တွေဖြစ်ကြတဲ့ အလင်းရောင်၊ မိုးယံဇွန်၊ စံရတီမိုးမြင့်၊ ရတနာဗိုလ် မော်ဒယ်လ်မင်းသားချောလေး တိုင်ရွန်နဲ့ လူငယ်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ Bobby Soxer၊ ခေမာ တို့အပြင် ဒါရိုက်တာ ဝင်းလွင်ထက် တို့က ပျော်ပျော်ပါးပါး ခရီးထွက်နေကြတာ ဖြစ်ပါတယ်..။

စိတ်တူကိုယ်တူ ခရီးသွားနေကြတဲ့ သူတို့အဖွဲ့ကိုတော့ “Let’s go” အဖွဲ့သားများလို့ နာမည်ပေးထားပြီး လာလာကြည့်နဲ့ Myanmar Media 7 တို့ ပူးပေါင်းတင်ဆက်မယ့် ဗီယက်နမ်ခရီးစဉ်ရဲ့ ပျော်ရွှင်စရာအလည်အပတ် ခရီးစဉ်အကြောင်းကို ပရိသတ်တွေအတွက် ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူးပေးမှာ ဖြစ်ပါတယ်..။

ပျော်ရွှင်စရာခရီးစဉ်လေးကိုတော့ သြဂုတ်လ(၇)ရက်နေ့က ရန်ကုန်လေဆိပ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဟနွိုင်းမြို့မှ ဟာလောင်းကျွန်း သို့ သွားရောက်နေကြပြီဖြစ်တယ်လို့ သိရပါတယ်..။

ပြည်သူချစ်အနုပညာရှင်တွေ ဖြစ်ကြတဲ့ Let’s go အဖွဲ့သားများရဲ့ ပျော်ရွှင်စရာခရီးလေး အကြောင်းကိုတော့ ပရိသတ်တွေအတွက် တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်..။

စိတ်တူကိုယ်တူနဲ့ ပျော်ပျော်ပါးပါး ခရီးသွားနေကြတဲ့ ပရိသတ်အချစ်တော်တွေရဲ့ ခရီးသွားပုံရိပ်လေးတွေကတော့ တကယ့်ကို စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စရာလေးပါပဲနော်..။

Photo - ဝေမင်းမောင်၊ အလင်းရောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။