ပရိသတ်ကြီးရေ ဂျာမနီနိုုင်ငံတောင်ပိုင်းမှာတော့ မိခင်ဖြစ်သူက သားအရင်းကို ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားသူတွေထံရောင်းချမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါမိခင်ကတော့ ဘာရင်းတာယာ လို့အမည်ရတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ Dark Net ဆိုတဲ့ တရားမဝင် website ကနေ ရောင်းချခဲ့တာပဲဖြစ်ပါတယ်။

၎င်းမိခင်ကတော့ သားဖြစ်သူကို ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သူမရဲ့ နောက်ယောကျာၤးဖြစ်သူ ခရစ်စတန်လေ့စ် နဲ့လည်း ကာမဆက်ဆံဖို့စေခိုင်းခဲ့သေးသူပဲဖြစ်ပါတယ်။

ဒါ့အပြင် ဆယ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားဖြစ်သူကို မိခင် တာယာ နဲ့ ပထွေး ခရစ်တို့က ကလေးညစ်ညမ်းရုပ်ရှင်တွေလည်း ရိုက်ကူးခဲ့သေးတာပဲဖြစ်ပါတယ်။

အဲဒီနောက် ဝက်ဆိုဒ်ကနေ ရောင်းချတဲ့အခါမှာတော့ စပိန်လူမျိုး အမျိုးသားတစ်ဦးက ဝယ်ယူခဲ့ပြီး ထိုကလေးငယ်နဲ့ ကာမဆက်ဆံမှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ မိခင်ဖြစ်သူ တာယာ ၊ပထွေးဖြစ်သူ ခရစ် နဲ့ အဆိုပါ စပိန်အမျိုးသားတို့ကို ဖမ်းဆီးခဲ့ပြီဖြစ်ပြီး နှစ်လည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

ရဲစခန်းကသက်သေအဖြစ်ရရှိတဲ့ ဗီဒီယိုတစ်ခုအတွင်းမှာဆိုရင်လည်း ကလေး ကို ကြိုးတွေ နဲ့ တုပ်နှောင် ထားပြီး လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် တာ၊ ဆဲဆိုရိုက်နှက် တာတွေ ကိုလည်း မိခင် ရင်း ဖြစ်သူ က လုပ်ဆောင် ခဲ့တာ ကို တွေ့ ရပါတယ်။

ဒါ့အပြင် ဘာရင်း တာဟာ နဲ့ ခရစ်စတန် တို့ နှစ်ဦး ဟာ သုံးနှစ် အရွယ် မိန်းကလေး ငယ် တစ်ဦးကိုလည်း လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် ခဲ့ပါသေးတာပဲဖြစ်ပါတယ်။  

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။