"မင်းရဲ့ဆံနွယ်တွေလေမှာလွင့်နေပီ''ဆိုတဲ့သီချင်းလေးနဲ့ပရိတ်သတ်ရင်ထဲရောက်လာတဲ့သူကတော့

အဆိုတော်ကြီးRဇာနည်ပဲဖြစ်ပါတယ်။တစ်ချိန်ကလူငယ်တွေကြားမှာသူ့သီချင်းတွေနဲ့နေရာယူထားတာပါ။

ဘယ်ချိန်ပြန်နားထောင်နားထောင်ရင်ထဲထိရောက်တဲ့သီချင်းတွေပဲဖြစ်ပါတယ်။လူငယ်သာမက

လူကြီးတွေပါအားပေးခံရတဲ့အဆိုတော်လည်းဖြစ်ပါတယ်။

သူဟာလက်တလောအနုပညာလုပ်ငန်းတွေမှာသိပ်မတွေ့ရပေမယ့်ပွဲတွေတချို့မှာတော့တွေ့ရတက်ပါတယ်။

သီချင်းသစ်တွေကိုလည်းသူ့ပရိတ်သတ်ကစောင့်မျှော်နေကြပါတယ်။ခုမှတော့အာဇာနည်က

ဖျော်ဖြေပွဲတစ်ခုမှာပရိတ်သတ်(၇၀၀၀)ကျော်ကိုသီဆိုဖျော်ဖြေခဲ့တာပါ။

Rဇာနည်နဲ့သူ့ပရိတ်တွေကလည်းအပေးယူမျှပီးသီချင်းတော်တော်များများကိုပရိတ်သတ်နဲ့တစ်လှည့်စီဆိုခဲ့တာပါ။

ဒီပွဲကတော့CityMart Staff Party 2018ပွဲလည်းဖြစ်ပါတယ်။

ဒီပွဲမှာRဇာနည်အပါအဝင်တစ်ခြားအနုပညာရှင်များလည်းပါပါတယ်။Rဇာနည်ဟာယခုချိန်မှာဇနီး၊သားလေးနှစ်ယောက်နဲ့အတူ

ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မိသားစုနဲ့အတူအေးချမ်းတဲ့ပုံရိပ်လေးတွေကိုမြင်ရတဲ့

ချစ်ပရိတ်သတ်ကြီးကလည်းသူ့မိသားစုဘဝလေးကိုအားကျမှာအမှန်ပါ။ဆက်လက်ပီးတော့

မနေ့ကပွဲမှာအားပေးတဲ့ပရိတ်သတ်ကြီးရော၊CityMartမိသားစုတွေရောအကုန်လုံးကျေးဇူးတင်ပါတယ်ပြောပီးပွဲကပုံလေးတွေပရိတ်သတ်အတွက်တင်ပေးလိုက်ပါတယ်။

SOURCE: Zarni Myonyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။