အရင်ကလဲချစ်ခဲ့ကြပြီး ဝေဖန်မှုတွေကြားထဲက သတ္တိရှိရှိပြန်လက်တွဲခဲ့ကြတဲ့ သူတို့ပြောတဲ့သူတို့်အကြောင်း။ 

" အဓိက က အချစ်ပဲဗျ။ သူနဲ့က ဟိုးအရင် အိမ်ထောင်တွေမကျခင်က ကြိုက်ခဲ့ကြဖူးတယ်။ ဒါပေမယ့် သူလဲ သူ့ဘဝနဲ့သူ၊ ကိုယ်လဲ ကိုယ့်ဘဝနဲ့ကိုယ် ဖြသ်သွားခဲ့ကြတယ်။ အဆက်အသွယ်တွေပြတ်သွားခဲ့ကြတယ်။ ခုလိုပြန်လက်တွဲဖြစ်တယ်ဆိုတာလဲ အချစ်ကြောင့်ပါပဲ။ " 

" ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘာအဆက်အသွယ်မှမရှိဘူး။ ပြန်တွဲခဲ့ကြတာကလည်း official လမ်းခွဲခဲ့ကြပြီးမှ ပြန်တွဲခဲ့ကြတာ။ ကျွန်တော့် အိမ်ထောင်ရေးမှာ အဆင်မပြေတဲ့အပိုင်းတွေရှိသလို သူလည်း သူ့ဘာသာအဆင်မပြေတာတွေရှိတယ်။ ဘာဖြစ်ဖြစ်ကျွန်တော်က အဆင်မပြေတဲ့life ကြီး ကျွန်တော်ရှေ့မဆက်ချင်ဘူး။ ဘဝတစ်ခုလုံးလက်တွဲဖို့ ဆုံးဖြတ်ကြမယ်ဆိုရင် အချစ်တော့ရှိစေချင်တယ်။ အဲဒီ့နောက်မှာ သံ​ယောဇဉ်​တွေ နားလည်မှုတွေ ပါလာမယ်။ အိမ်ထောင်ပြုပြီူပြီးဆိုရင် နှစ်ယောက်သား တူတူနေဖို့လဲအရေးကြီးတယ်။ အချစ်တွေ မလျော့သွားဖို့ ပိုအရေးကြီးတယ်။ ခုက ပျော်ရွှင်စရာကောင်းတဲ့အချစ်တွေ ပိုင်ဆိုင်ထားတဲ့ဘဝလို့ ယုံကြည်ပါတယ်။ " 

" လမ်းခွဲပေးရတာနဲ့ပတ်သတ်ပြီး ပြန်မပြောချင်တော့ပါဘူး။ ခုချိန်မှာ ၀ိုင်းစုချစ်တဲ့သူနဲ့လက်တွဲပြီး ရှေ့ဆက်အနုပညာအလုပ်တွေလုပ်မယ်။ ၀ိုင်းစုကိုချစ်တဲ့ပရိသတ်တွေရှိတယ်။ သူငယ်ချင်းတွေရှိတယ်။ သူတို့ပေးတဲ့ခွန်အားနဲ့ ၀ိုင်းစုရှေ့ဆက်မယ်။ ပရိသတ်လက်ခံနေသရွေ့ ၀ိုင်းစု ကြိုးစားနေဦးမယ်"

Source - myanmar cuties

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။