ပရိသတ်ကြီးရေ နိုင်ငံကျော် အချစ်တော်မင်းသမီးချောတစ်ဦးဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ဆယ်ကျော်သက်အရွယ်ထဲက အနုပညာလမ်းကြောင်းကို ဝင်ရောက်ခဲ့ပြီး ယနေ့တိုင် ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမက အနုပညာလုပ်ငန်းတွေကို ရုတ်တရက် ရပ်နားထားခဲ့ရာမှ အခုအချိန်မှာတော့ ခေတ်သစ်မင်းသမီးလေးအဖြစ် ရုပ်ရှင်နဲ့ ကြော်ငြာတွေကို ပြန်လည်ရိုက်ကူးနေပြီဖြစ်ပါတယ်။

လတ်တလောမှာ ထက်ထက်က PARKROYAL Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Aroma Wedding Fair 2018 မှာ သတို့သမီးလေးတစ်ဦးအဖြစ် ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ ခေတ်သစ်မင်းသမီးလေးတွေနဲ့အပြိုင် နုပျိုလှပနေဆဲဖြစ်တဲ့ သူမရဲ့အလှကို ပရိသတ်တွေအားလုံးက အံ့သြငေးမောခဲ့ရပါတယ်။ ရွှေရောင်မင်္ဂလာဝတ်စုံလေးကို ဆင်မြန်းထားတဲ့ ထက်ထက်က တော်ဝင်မင်းသမီးလေးတစ်ပါးလို တင့်တယ်လှပနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ယနေ့ထိတိုင် အရွယ်တင်နုပျိုပြီး ချစ်စရာကောင်းတဲ့ သူမကို ပရိသတ်တွေက တက်သစ်စမင်းသမီးလေးဘဝကနေ အခုအချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ထက်ထက်က MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ "မိုးကောင်းကင်အိပ်မက် " ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ကဲ ထက်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း မင်းသမီးချောလေး ထက်ထက်မိုးဦးရဲ့ မြတ်နိုးချင်စရာကောင်းတဲ့ အလှပုံရိပ်လေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Aroma Zulu Wedding Studio ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။