ယနေ့မှာတော့ မြန်မာအားကစားတိုးတတ်ဖို့ နဲ့လူငယ်ကစားသမားတွေပေါ်ထွန်းဖို့ မြန်မာကလေးတွေရော အားကစားနဲ့ သင်ဆိုင်တဲ့လူကြီးတွေပါ ရေကန်ရေခမ်းကြိုးစားနေကြပါတယ်။ယနေ့မှာတော့ မြန်မာဂုဏ်ဆောင်နိုင်ဖို့ သွေးတွေချွေးတွေနဲ့ပေးဆပ်ရင်း ဒဏ်ရာရကာ ချိုင်းထောက်နဲ့ လမ်းလျှောက်ခဲ့ရသူလေးကတော့ ပုသိမ် အကယ်ဒမီ ယူ၁၄ အသင်းမှ မောင်ဝေယံလင်းသူပဲဖြစ်ပါတယ်။

မောင်ဝေယံလင်းသူကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင်လာရောက်ပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ မြန်မာယူ၁၄ကစားသမားလေးတွေအနေနဲ့ အနာဂတ်မှာထွန်းတောက်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုင်းယူ၁၄ အသင်း၊ ဂျပန်ယူ၁၄ အကယ်ဒမီအသင်းများကို ဖိတ်ခေါ်ကာ မြန်မာကလေးတွေခြေစွမ်းကောင်းမွန်အောင်အခုလိုစီစဉ်ခဲ့တာပဲဖြစ်ပါတယ်။  

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ပုသိမ်အကယ်ဒမီ ယူ၁၄အသင်း၊ မန္တလေးအကယ်ဒမီ ယူ၁၄အသင်းတို့နှင့် ၄သင်းပတ်လည် ယှဉ်ပြိုင်ကစားနေ ပြီး အဖြစ် JAPAN U-14 အသင်းနှင့် မန္တလေးအကယ်ဒမီ ယူ၁၄အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ဂျပန်အကယ်ဒမီ ယူ၁၄ အသင်းက (၂-၁) ဂိုးဖြင့် ပွဲပြီးဆုံးချိန်တွင် အနိုင်ရခဲ့သည်။အဆိုပါ ပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် လာရောက် အားပေးခဲ့ပြီး ပုသိမ် အကယ်ဒမီ ယူ၁၄ အသင်းမှ ပြိုင်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် ဝေယံလင်းသူကို တွေ့ဆုံအားပေးခဲ့သည်။

source: mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။