နာမည်ကျော် ဂျပန်ဆေးတက္ကသိုလ်ရဲ့ မန်နေဂျင်းဒါရိုက်တာကတော့ ကျောင်းသူတွေကို ဝင်ခွင့်ရမှတ် ကန့်သတ်ခဲ့တဲ့ အတွက် နစ်နာခဲ့တဲ့သူတွေကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။

၂ဝ၀၆ က စပြီး တိုကျိုဆေးတက္ကသိုလ်က ကျောင်းသူတွေရဲ့ ဝင်ခွင့်စာမေးပွဲ ရလဒ်တွေကို ပြင်ပစ်တယ်လို့ စုံစမ်းဖော်ထုတ် ခဲ့အပြီးမှာ အခုလိုလူသိထင်ရှား တောင်းပန်တာ ပဲဖြစ်ပါတယ်။  

တိုကျိုဆေးတက္ကသိုလ်ရဲ့ မန်နေဂျင်းဒါရိုက်တာ တက်ဆုအို ယူကီယိုကာကတော့ လာမယ့်စာသင်နှစ်မှာတော့ ကျောင်းသူတွေအတွက် ဝင်ခွင့်ရမှတ်ကို မျှမျှတတ ဖြစ်စေရမယ်။

လူထုရဲ့ယုံကြည်မှုကို သစ္စာဖောက်တဲ့ လုပ်ရပ်ကို လုပ်ခဲ့မိတဲ့အပေါ် အထူးတောင်းပန်ပါတယ်လို့ သြဂုတ်လ ၇ ရက်က ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်

ဂျပန်ရဲ့ အကြီးဆုံး သတင်းစာကြီးဖြစ်တဲ့ ယိုမီယူရီရှင်ဘွန်းက တိုကျို ဆေးတက္ကသိုလ်က ကျောင်းသူ အရေအတွက်ကို ၃ဝ ရာခိုင်နှုန်းအောက်ပဲ ရှိအောင် ၂ဝ၁၁ က စပြီး ဝင်ခွင့် စာမေးပွဲ ရလဒ်တွေကို ပြင်ပစ်တယ်ဆိုတဲ့ သတင်းကို ဖော်ပြလိုက်ပြီးနောက် အခုလို ပြည်သူတွေအကြား ဂယက်ရိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဆေးတက္ကသိုလ်ဘက်ကတော့ အမျိုးသမီးတွေဟာ ဆေးကျောင်းပြီးအောင် မတက်ကြတာ၊ ဆရာဝန်ဖြစ်ပြီး နောက်ပိုင်း အိမ်ထောင်သည် ဖြစ်သွားချိန်မှာ ဆေးကုတဲ့အလုပ်ကို စွန့်လွှတ်သွားကြလို့ ဆေးတက္ကသိုလ်ဘက်က အဲဒီ လုပ်တာဖြစ်တယ်လို့ပြောကြားထားတာ တွေ့ရပါတယ်။

SOURCE - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။