ဒီအဖြစ်အပျက်ကတော့ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။သြဂုတ်လ ၇ ရက်ညနေပိုင်းက မိန်းကလေးကျောင်း နှစ်ကျောင်းကို မီးလောင်ကျွမ်းစေခဲ့တာဖြစ်တယ်လို့လည်းသတင်းဖော်ပြချက်များအရ သိရပါတယ်။

မီးရှို့ခံရတဲ့ မိန်းကလေးကျောင်း နှစ်ကျောင်း ဟာ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်ရှိPishin ခရိုင်တွင် တည်ရှိတာဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရတဲ့ ကျောင်းများဟာ နေ့ကျောင်းတွေဖြစ်တယ်လို့သိရပြီးဖြစ်ပွားခဲ့တဲ့အချိန်မှာလည်း ကျောင်းတွေဟာပိတ်ထားခဲ့တာဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းလည်းသိရပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွတွေကို သိရှိမှုမရှိသေးကြောင်းလည်းသိရပါတယ်။ထိုမီးရှို့မှုများနှင့်ပတ်သက်ပီးလည်း မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်းမရှိကြောင်းလည်းဖော်ပြထားပါတယ်။စစ်သွေးကြွများဟာ သြဂုတ်လ ၃ရက်လောက်ကနေပြီး နိုင်ငံမြောက်ပိုင်း Gilgit Baltistan နယ်မြေတွင် ကျောင်း ၁၂ ကျောင်းကို မီးရှို့ခဲ့ကြောင်းလည်းသိရပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။