အပျိုစစ်လားမစစ်လား ဆိုတာအမျိုးသားတွေကအဓီကစိတ်ဝင်စားကြတယ်မဟုတ်လား။ ဟုတ်ပါတယ် အပျိုစင် လေးတစ်ယောက်လို လှသွေးကြွေနေတဲ့ ကောင်းမလေးတစ်ယောက်ရဲ့အလှဟာ ဘယ်နတ်သမီးနဲ့မျှ နှိုင်းယှဉ် မရအောင်ပါပဲ။ မြန်မာအမျိုးသမီးတွေအနေနဲ့ အပျိုစစ်တာဟာ အမျိုးကောင်းသမီးပျိုလေးလို့ ရည်ညွန်းပြော ဆို ကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အပျိုစစ်လားမစစ်လားအရေးမကြီးတော့ပါဘူး။အပျိုစစ်လား မစစ်လား ဆိုတာကို ဆေးပညာရှင်များရဲ့ အယူဆတွေအရ ရေးဖွဲ့ထားပေမဲ့ တိုင်ဆိုင်ချင်မှ တိုင်ဆိုင်မှာပါနော်။ 

ပထမအချက်ကတော့ အပျိုစစ်တယ်ဆိုရင် လိင်ဆက်ဆံတဲ့အချိန်မှာ တင်းကြပ်ခြင်း၊ ဒါကလည်း သေချာပြော လို့မရပါ။ ဘယ်လောက်ထိ ကြပ်သလဲ။ ဒါကိုတော့ ကိုကို မောင်မောင်တွေပိုသိကြမှာပါ။ တစ်ယောက်နဲ့တစ် ယေက်ကမတူကြဘူးလေ။ခုခေတ်မှာ ယောင်္ကျာလေးရော မိန်းကလေးရော တစ်ယောက်ဆိုတစ်ယောက် ပန်းတောက်ဆို ပန်းတောက်ဆိုတာ မရှိတော့ဘူးမလား။ ဒီတော့ အမျိုးသားအများစုက သူတို့ဆက်ဆံပြီးတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ငါယူမယ့်မိန်းမက အပျိုစစ်ရဲ့လားဆိုတာ ဝေးဝါသွားပါလေရော။

တစ်ချို့ကတော့ ဖောက်သည်ချကြတယ်လေ။ အပျိုစစ်ဆိုတာက တင်ပါးအောက်ကျနေခြင်း၊ နို့ တွဲကျနေခြင်း၊ အပျိုစင်လေးရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ကွာခြားနေခြင်း၊ တို့ဖြစ်ကြတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဒါတွေကို ကြည့်လို့ အပျိုစစ်မစစ်တော့ တိုင်းတာလို့မရပါဘူး။ ခုခေတ်ထနေတဲ့ living together ဟာလည်း မြန်မာနိုင်ငံ အနေနဲ့ မသင့်တော်ပေမဲ့ လူငယ်တွေကြားမှာတော့ ရေပန်းစားနေပါပြီ။ဘာပဲဖြစ်ဖြစ် အမျိုးသားတွေအနေနဲ့ ကိုယ်က အပျိုစင်လေးကိုပိုင်ဆိုင်လက်ထပ်ချင်တယ်ဆိုရင် ကိုယ်တွဲခဲ့တဲ့ မိန်းကလေးတွေကို တန်းဖိုးထား ပြီးတွဲခဲ့မှဖြစ်မှာနော်။ ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာမှာပဲလေ။ မိန်းကလေးတွေကို တန်းဖိုးထားချစ်တတ်ကြ ပါစေ။ 

Source : Health page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။