ပရိသတ်ကြီးရေ ဖြူဖွေးတဲ့အသားအရေနဲ့ ကြည်လင်လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်မလေး မေဂရေ့စ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အရယူထားသူလေး ဖြစ်ပါတယ်။ သူမရဲ့မျက်နှာလေးက နိုင်ငံခြားသူလေးတစ်ယောက်လို ဖြူဖွေးလှပပြီး နှုတ်ခမ်းထက်က မှဲ့လှလှလေးကလည်း မြင်တာနဲ့ ရင်ခုန်မိစေလောက်အောင် ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးကို အဓိကရိုက်ကူးလေ့ရှိပါတယ်။

မေက ဖက်ရှင်ရှိုးပွဲတွေမှာလည်း မပါမဖြစ်တဲ့ ထိပ်တန်းမော်ဒယ်တွေမှာ အပါအဝင်ဖြစ်ပြီး စကားသံဝဲ၀ဲလေးနဲ့ ပြောဆိုတတ်တဲ့ သူမကို ပရိသတ်တွေက ချျစ်မဝဖြစ်နေကြပါတယ်။ လတ်တလောမှာ မေက Huawei ရဲ့ဖုန်းသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ဖက်ရှင်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှထားတာ တွေ့ရပါတယ်။ ဒီပွဲလေးကိုတော့ သြဂုတ်လ ၄ရက်နေ့က မြန်မာပလာဇာမှာ ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။

မေက အနီရောင်ဖက်ရှင်နဲ့ စမတ်ကျကျလန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို Facebook မှာ အသစ်တင်ထားတာပဲ ဖြစ်ပါတယ်။ သူမက "Huawei's new Nova series launch day- Nova 3 and Nova 3i" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ သူမရဲ့ဖက်ရှင်ပုံရိပ်တွေကို ဝေမျှထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မော်ဒယ်သရုပ်ဆောင်မလေး မေဂရေ့စ်ရဲ့ အလန်းစားဖက်ရှင်ပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Grace ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။