အသက်(၃၂)နှစ်ရှိပြီ ဖြစ်တဲ့ သြစတျေးယျ လူမျိုး မင်းသမီး Ruby Rose ဟာ ယောကျ်ားလေး သာမက မိန်းကလေးချင်းတောင် ကြွေရတဲ့ မော်ဒယလ်၊ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ MTV Vj မှာ ပါဝင်သရုပ်ဆောင်ရင်း ပါဝင်ကျော်ကြားလာတာဖြစ်ပြီး သူမဟာ Christina Ricci နဲ့ အတူ Around the Block (2013) မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို Orange Is the New Black (2013) ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းမှာလည်း Taylor Schilling နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ruby Roseဟာ လိင်တူချင်း ချစ်နှစ်သက်တဲ့ Lesbian အမျိုးသမီး တစ်ဦးဖြစ်ပြီး လက်ရှိမှာ တော့ ဘယ်မိန်းကလေးနဲ့ တွဲခုတ်ခြင်းမရှိတဲ့ single ဖြစ်ပါတယ်။ သူမဟာ မိန်းခလေးချင်းတောင် ပြန်ကြွေရလောက်အောင် ယောကျာ်းလေးဆန်ဆန် အထာကျကျ ဝတ်စားဆင်ယင်တတ်သူဖြစ်ပြီး သူမရဲ့ ကိုယ်ခန္ဓာအနှံအပြားမှာ တက်တူးလ်တွေအပြည့် နီးပါး ရေးဆွဲထားသူပါ။

superhero ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တစ်ခုကို သူမအနေနဲ့ ပါဝင်သရုပ်ဆောင်ရမယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ရှိလာခဲ့သလို လက်ရှိမှာတာ့ ဒီသတင်းက အမှန်ဖြစ်သွားခဲ့ပါတယ်။ Ruby Rose ဟာ Kate Kane ဆိုတဲ့ အမျိုးသမီး တစ်ယောက် တဖြစ်လှည့် Batwoman နေရာကနေ သရုပ်ဆောင်ရမှာ ဖြစ်သလို Batwoman ဆိုတဲ့ ဇာတ်ကောင်အရ ကြမ်းကြမ်းတမ်းတမ်း၊ ထက်ထက်မြက်မြက်၊ လှပတယ် ဒါပေမဲ့ အန္တာရာယ်များတယ် ဆိုတဲ့ သရုပ်ဆောင်ကွက်တွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးရမှာဖြစ်ပါတယ်။  

Source:http://www.justjaredjr.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။