နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ချစ်သူမောင်နှံဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။ နယ်ပယ်မတူပေ မဲ့ အောင်မြင်ကျော်ကြာသူနှစ်ဦးဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ relationship ကတော့ ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပေမယ့် နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ အချစ်ရေးကတော့ တကယ်ကို အားကျစရာပါဘဲ နော် ။

လတ်တလောမှာတော့ သူမအနေနဲ့ ဗီဒီယိုဈေးကွက်ပျက်သွားတဲ့ အပေါ်စိတ်ဓာတ် ကျပေမယ့်လည်း ကျောင်းစာတစ်ဖက် အာရုံစိုက်နေရတော့ ဖြေသာပါသေးတယ်လို့ ပြောခဲ့ပါတယ် ။ သူမရဲ့ချစ်သူအောင်သူ ကတော့ ဒီနေ့မှာ ထိုင်းမှာဘောလုံးသွားကန်ဖို့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပေမယ့်လည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြလို့ လေဆိပ်ကို လိုက်မပို့ဖြစ်ခဲ့ဘူးလို့ သူမကပြောပါတယ် ။ အဝေးမှာရောက်နေတဲ့ သူမရဲ့ချစ်သူ အောင်သူ နဲ့ပတ်သတ်ပြီး စိတ်မချ တာ မယုံကြည်တာတော့မရှိဘူး အပြည့်ဝယုံကြည်တယ်တဲ့ ။

အခုလို တစ်ယောက်ကို တစ်ယောက် နားလည်မှု ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သူမတို့ စုံတွဲကတော့ ချစ်သူသက်တမ်း ၆ လကျော်ခဲ့ပြီဘဲ ဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှု တွေရှိခဲ့ပေမယ့်လည်း လက်တွဲမဖြုတ်ဘဲ အခက်ခဲတွေ အတူတူ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြတဲ့ သူမတို့စုံတွဲကတော့ တကယ်ကို လေးစားအားကျဖို့ကောင်းလွန်းပါတယ်နော် ။

Source : Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။