အာရှအားကစားပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့မြန်မာယူ၂၃အသင်းကတော့ဒီနေ့မနက်ကထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်လာခဲ့ပီးPolice Teroအသင်းနဲ့ခြေစမ်းဖို့ရောက်နေတာလည်းဖြစ်ပါတယ်။မြန်မာယူ၂၃အသင်းဟာညနေပိုင်းမှာတော့Police Teroအသင်းရဲ့ကွင်းမှာလေ့ကျင့်ခန်းအစီစဉ်တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

မြန်မာယူ၂၃အသင်းဟာ၁၁.၈.၂၀၁၈ည၇နာရီမှာPolice Teroအသင်းနဲ့ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။ဒီပွဲမှာတော့မြန်မာအသင်းရဲ့အဓိကကစားသမားအောင်သူကတော့မြန်မာအသင်းကနေပါဝင်ကစားမှာပဲဖြစ်ပါတယ်။Police Teroအသင်းကတော့အောင်သူလက်ရှိပါဝင်ကစားနေပီးခြေစွမ်းပြနေတဲ့police teroအသင်းရဲ့အဓိကကစားသမားလည်းဖြစ်ပါတယ်။မြန်မာယူ၂၃အသင်းဟာPolice Teroအသင်းနဲ့ခြေစမ်းပွဲအပြီးမှာအပြီးသတ်ကစားသမားစာရင်းကိုထုတ်ပြန်သွားမှာဖြစ်ပါတယ်။

မြန်မာယူ၂၃အသင်းဟာခြေစမ်းပွဲပီးတာနဲ့အာရှအားကစားပြိုင်ပွဲအတွက်အင်ဒိုနီးရှားနိုင်ငံကိုထွက်ခွာမှာလည်းဖြစ်ပါတယ်။အာရှအားကစားပြိုင်ပွဲမှာအုပ်စုအကျပ်တည်းကျရောက်နေတဲ့မြန်မာအသင်းကတော့အသင်းကြီးတွေကိုရင်ဆိုင်ကစားဖို့အကောင်းဆုံးလေ့ကျင့်ခန်းတွေဖိတ်ခေါ်ပွဲတွေခြေစမ်းပွဲတွေကိုကစားနေတာလည်းဖြစ်ပါတယ်။အာရှအားကစားပွဲမှာအောင်မြင်ဖို့အတွက်လေ့ကျင့်ခန်းတွေဆင်းနေတဲ့မြန်မာယူ၂၃ရဲ့လေ့ကျင်ခန်းဆင်းနေပုံလေးတွေကိုမြန်မာချစ်ပရိတ်သတ်တွေအတွက်တင်ပေးလိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။