ဖက်ရှင်ဘုရင်မလို့တောင်တင်စားခေါ်ဝေါ်ကြရတဲ့ ထပ်ဆင့်အကယ်ဒမီအိန္ဒြာကျော်ဇင်တစ် ယောက် ရွှေနန်းတော်ကြော်ငြာရိုက်ကူးဖို့အတွက် အလှပဆုံးဝတ်စုံတွေကို ဆင်မြန်းထား တာဖြစ်ပါတယ်။ အနီရဲရဲတောက် ဝတ်စုံလေးဟာ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ကြွကြွရွရွနေရာ ယူထားပြီး မြင်သူတိုင်း ကြွေဆင်းသွားစေနိုင်လောက်တဲ့ အနေအထားတစ်ခုဖြစ်လို့နေပါတယ်။

ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့် သူမက အပျိုရှုံးလောက်အောင်ကို လှရက်လွန်းသူ တစ်ဦးပါပဲ။ ထပ်ဆင့်အကယ်ဒမီပြေတီဦးနဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထား ပြီး ချစ်စဖွယ် သားနဲ့သမီး တို့ရဲ့ မေမေလည်းဖြစ်ပါတယ်။ အသက်လေးဆယ်ကျော်အမျိုးသမီး လို့ မထင်ရလောက် အောင် သူမရဲ့ လှပမှုနဲ့ နုပျိုမှုကတော့ အံ့မခန်းပါပဲ။

သူမရဲ့အလှပဆုံးပုံရိပ်တွေကို " ရွှေနန်းတော် ကြော်ငြာပုံလေးတွေထပ်ရလို့ ထပ်တင်ပါ တယ် ပုံတင်တာ ကပ်စေးနှဲတယ်ပြောလို့တင်တယ်နော် ..ဟွင်း..ဟွင်း. " ဆိုပြီး တင်ထား တာဖြစ်ပါတယ်။ အနီရောင်ဝတ်စုံအပြင် ရွှေရောင်ဝတ်စုံလေးကို ဆင်မြန်းထားတဲ့ သူမရဲ့ အလှပဆုံးပုံရိပ်တွေဟာ အံ့သြမှင်သက်ဖွယ်ကောင်းလောက်အောင် လှပလွန်းနေပါ တယ်။ အချိန်တိုင်းမှာ လှပမှုတွေအပြည့်နဲ့ ဆွဲဆောင်မှုပိုလွန်းသူလေး အူဝဲရဲ့ပုံရိပ်တွေ ကို ပရိသတ်ကြီးရှုစားလိုက်ပါဦးနော်။

Photo - Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။