ဗီတာမင် အီး ကိုလူတိုင်းသိကြမှာပါ။ သူ့ရဲ့အာနိသင်တွေကိုလည်း တော်တော်များများ သိကြပါတယ်။လူတွေရဲ့ ခန ကိုယ်ထဲမှာလိုအပ်တဲ့ အရာတွေကို စွမ်းဆောင်ပေးနိုင်စွမ်းရှိပါတယ်။အမြင်အာရုံကိုကောင်းမွန်စေပြီး သွေး လည်ပတ်မှုနဲ့ ဦးနှောက်ဖွဲ့ဖြိုးမှုကို ကောင်းစွာအကျိုးဖြစ်ထွန်းစေပါတယ်။မိန်းကလေးတွေအတွက်ကတော့ ပြော စရာမလို အသားအရေအတွက် ဓာတ်ဖြည့်တင်းတဲ့အတွက် စိုပြေလှပတယ်နော်။သိကြတယ်ဟုတ် နာမည်ကြီး ပေါ့ ဗီတာင် အီး ဆိုရင်ပြေးဝယ်လိုက်ရတာ။

ဗီတာမင် အီးက ဆေးသောက်လို့ရသလို အစားစာတွေထဲမှာ လည်း ဗီတာမင် အီၤး ပြည့်ဝတဲ့အစားစာတွေအများကြီးပါ။နေကြာဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ မြေပဲ အနီရောင်ရှိတဲ့ အသား တွေ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်ရယ်၊ နို့ထွက်ပစ္စည်းတွေရယ်၊ ဒါတွေကိုစားပေးရင်တော့ ဗီတာမင် အီး တွေပါသတဲ့နော်။ကဲဗီတာမင် အီး မရရင်၊ ချို့တဲ့ရင် ဘာတွေဖြစ်လဲဆိုတော့ကိုယ်လက်တွေညောင်းမယ်၊ ခြေ လက်တွေထုံကျဉ်မယ်၊ မအိမသာဖြစ်မယ်။

ဗီတာမင် အီး ပြည့်ဝရင်တော့ မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကောင်းစွာ ထိန်းထားနိုင်တယ်နော်။ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ အနေနဲ့ ဗီတာမင် အီး ဟာကိုယ်ဝန်အဆိပ်တက်ခြင်း ကိုကာကွယ်ပေးပါတယ်။သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်။အမျိုးသမီးတွေအနေနဲ့ ဗီတာမင် အီးကို သောက်ထားရင် ရာသီလာစဉ် ကိုက်ခဲတာတွေကိုပါ ပျေက်ကင်းစေပါတယ်နော်။အမျိုးသမီးတွေသားအိမ်ကို အထူးကျန်းမာစေပါသတဲ့။ 

source : Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။