ဒီနေ့August9ရက်နေ့ကတော့အကယ်ဒမီသရုပ်ဆောင်မင်းသမီးလေးဖွေးဖွေးရဲ့

အသက်၃၀ပြည့်မွေးနေ့ပွဲလေးလည်းဖြစ်ပါတယ်။ဖွေးစိန်လေးဟာအသက်၃၀ပြည့်တယ်မထင်ရအောင်ကို

နုပျိုလှပနေတာကြောင့်ပရိတ်သတ်ကြီးကိုအံ့သြစေပါတယ်။အနုပညာအလုပ်တွေကို

ပရိတ်သတ်တွေအတွက်အဆက်မပြတ်လုပ်ကိုင်ပေးရင်းပရိတ်သတ်တွေရဲ့အားပေးချစ်ခြင်းကိုခံရတဲ့

နိုင်ငံကျေိာ်မင်းသမီးလေးလည်းဖြစ်ပါတယ်။ဖွေးစိန်ဆိုနဲ့နာမည်လေးကပရိတ်သတ်တွေရဲ့ရင်ထဲမှာအမြဲနေရာယူထားတာပါ။

မကြာသေးခင်ကမှဖွေးစိန်ပါဝင်သရုပ်ဆောင်ထားတဲ့CO2ဆိုတဲ့ဇာတ်ကားကိုရုံတင်ထားပီး

ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုခံရတာပါ။ဒီဇာတ်ကားမှာကျော်ထက်အောက်၊

အလင်းရောင်၊ဖွေးစိန်လေးနဲ့ရတနာဗိုလ်တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ကာရိုက်တာတိုင်းမှာပီပြင်စွာသရုပ်ဆောင်မှုကြောင့်တစ်နိုင်ငံလုံးရဲ့ချစ်ခြင်းကိုခံရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။

ဖွေးစိန်ကတော့အနပညာရှင်တွေရဲ့ချစ်ခြင်းကိုပါခံရတဲ့မင်းသမီးလေးတစ်ဦးပါ။ယနေ့ကျရောက်တဲ့ဖွေးစိန်ရဲ့မွေးနေ့လေးကို

သူ့ချစ်တဲ့ပရိတ်သတ်တွေကလည်းမွေးနေ့ဆုတောင်းစကားတွေပြောထားပါသေးတယ်။သူချစ်တဲ့အနုပညာလုပ်ငန်းတွေကို

ဒီထက်မကအောင်အောင်မြင်မြင်နဲ့အခက်ခဲမရှိလုပ်ကိုင်နိုင်ပီးပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေလို့

ဖွေးစိန်လေးကိုချစ်တဲ့ပရိတ်သတ်ကြီးကတူဆုတောင်းပေးပီးဖွေးစိန်ရဲ့ချစ်စရာပုံလေးကိုမျှဝေပေးလိုက်ကပါတယ်။

SOURCE : Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။