ချစ်စရာကောင်းတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လတ်တစ်ယောက် ပရိသတ်တွေဝေခွဲရခက် တဲ့ ပုံရိပ်တစ်ခုကို တင်လိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့မျက်နှာပေါ်မှာ ဒဏ်ရာရခဲ့တဲ့ပုံစံ ပြင်ဆင်ခဲ့ပြီး စစချင်းမှာတော့ ပရိသတ်တွေက တကယ်ဒဏ်ရာရတယ်အထင်နဲ့ စိုးရိမ်သွား ကြပါတယ်။ စိတ်ပူနေကြတဲ့ ပရိသတ်တွေကို သူမက စိတ်မပူဖို့နဲ့ မိတ်ကပ်တွေဖြစ်တယ် ဆိုတဲ့အကြောင်းကို ပြန်လည်ရှင်းပြလိုက်ပါတယ်။ ဖိုက်တင်မင်းသမီး လေးဖြစ်ပြီး သူမက ပန်းချီဆွဲရတာလည်း ဝါသနာပါသူ တစ်ဦးပါပဲ။

အနုပညာအလုပ်တွေကို မအားမလပ်အောင် လုပ်နေရတာမို့ ပန်းချီဖက်ကို အချိန်မပေးနိုင်ပဲ သူမရဲ့ပန်းချီကားတွေကို အဘွားဖြစ်သူရဲ့အိမ်မှာ သွားထားခဲ့ရတယ်လို့ဆိုပါတယ်။ လက်ရှိ မှာတော့ သူမက ဒါရိုက်တာ ကျော်ဇရိုက်ကူးတဲ့ " စိတ်ဒဏ်ရာ " ဆိုတဲ့ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် နေတာပဲဖြစ်ပါတယ်။ ဖိုက်တင်းမင်းသမီးအဖြစ်နဲ့ သူမက ရပ်တည်လာခဲ့ပြီး ချစ် စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပဲဖြစ်ပါ တယ်။

နော်ပဲလှော်ဇာတ်ကား နဲ့ သူမကိုပရိသတ်တွေက စတင် သတိထားမိတာ ဖြစ်ပြီး လက်ရှိ မှာတော့ ခင်လေးဆိုတဲ့ ပရိသတ်ပေးတဲ့နာမည်လေးကို သူမကအမြတ်တနိုးသုံးစွဲနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ ချစ်သူရည်းစားမထားဖူးသေးပဲ အနုပညာအလုပ်တွေကိုပဲ ဦးစားပေးလုပ်နေ တယ်လို့ သူမကဆိုပါတယ်။ ချစ်စရာကောင်းတဲ့ ခင်လေးရဲ့ အမိုက်စား ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Yin Lat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။