ပရိသတ်အချစ်တော်မင်းသမီးချောလေးနန်းခင်ဇေယျာကတော့ တစ်ရက်တစ်ခြားအလှတွေပိုလာတာကိုတွေ့မြင်ရပါတယ်။Missတစ်ယောက်ကနေပြီး အနုပညာလောကထဲကို ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ကြိုးစားမှုတွေကြောင့်နောက်ပိုင်းမှာ ကြော်ငြာတွေရိုက်ကူးလာပြီး ဗီဒီယိုဇာတ်ကားတွေမှာ ပါ ပါဝင်သရုပ်ဆောင်လာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေက ပရိသတ်တွေကို ဖမ်းစားစေခဲ့တာပါ။ သူမရဲ့ မြန်မာဝတ်စုံလေးနဲ့ကျကျနန လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုလှပတဲ့ ပုံရိပ်လေးတွေဖြစ်ပြီး နန်းဆန်နေတာကိုတွေ့မြင်ရပါတယ်။ခရမ်းရောင်ဝတ်စုံလေးနဲ့ လှသွေးကြွယ်နေတဲ့ သူမကတော့ ချစ်စရာကောင်းနေတာကတော့ အမှန်ပါပဲပရိသတ်ကြီးရေ။သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"နဂါးမောက်ပင်ကြား မမနန်းခင် ."ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-နန်းခင်ဇေယျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။