ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချော စူစူကတော့ လတ်တလောမှာ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။ တက်သစ်စမင်းသမီးဘဝထဲက ကျရာဇာတ်ရုပ်ကို အသက်ဝင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တစ်ယောက်လို သရုပ်ဆောင်ကောင်းတဲ့ စူစူက ရုပ်ရည်နဲ့ခန္ဓာကိုယ်အလှကလည်း ဆွဲဆောင်မှုရှိလွန်းသူလေး ဖြစ်ပါတယ်။

လတ်တလောမှာ စူစူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို အခုလည်း ရိုက်ကွင်းတစ်ခုအတွက် တောင်ကြီးမြို့ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးမယ့် "သမက် Challenge " ဆိုတဲ့ဇာတ်ကားအတွက် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စူစူက ပြေတီဦး၊ ခန့်စည်သူ၊ ခင်လှိုင်၊ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ တက္ကသိုလ်ဂွမ်းပုံ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

အခုလည်း စူစူက တီဂွမ်းနဲ့အတူ သရုပ်ဆောင်နေတဲ့ ရိုက်ကွင်းကပုံလေးတွေကို ပရိသတ်တွေအတွက် ဝေမျှထားတာ တွေ့ရပါတယ်။ သားအမိတွေအဖြစ် သရုပ်ဆောင်နေတဲ့ သူမတို့၂ယောက်ရဲ့ပုံရိပ်တွေက ချစ်စရာကောင်းနေတာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးချောလေး အိချောပိုနဲ့ တီဂွမ်းတို့ရဲ့ ရိုက်ကွင်းအမှတ်တရ ပုံရိပ်လေးတွေကို ရှုစားဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။