ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ ASUS ကတော့ Budget ဖုန်းတစ်လုံးဖြစ်တဲ့ Zenfone Live ကို တရားဝင်ကြေငြာလိုက်ပီပဲ ဖြစ်ပါတယ်။ ဒီဖုန်းလေးဟာ Budget ဖုန်းလေးတစ်လုံး ဖြစ်တဲ့ အတွက် အသုံးပြုသူတွေကို ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုနိုင်ရန်အတွက် ဈေးကွက်အတွင်း ဖြန့်ချီဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။  

Android GO စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ ဒီဖုန်းမှာ Google ရဲ့ Supporting ကို အပြည့်အ၀ ရရှိထားမှာ ဖြစ်ပြီး Version အနေနဲ့လည်း Android ရဲ့ နောက်ဆုံး ဗား၇ှင်းဖြစ်တဲ့ Android 8 Oreo ကို အသုံးပြုပေးထားပါတယ်။မျက်နှာပြင်ပိုင်းမှာတော့ ၅.၅လက်မ ရှိပြီး CPU ပိုင်းကိုတော့ Snapdragon 450 Processor ကို အသုံးပြုပေးထားပါတယ်။  

Memory ပိုင်းမှာဆိုရင်တော့ ROM ပမာဏ မှာ 16GB ပါရှိပြီး RAM အနေနဲ့ကတော့ 1 GB သာပါရှိလာမှာပဲ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နာက်ကျောဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP တပ်ဆင်ထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3000 mAh ရှိပြီး ZenUI အပြင်အဆင်နဲ့ သုံးနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၀၀ ဝန်းကျင်သာ၇ှိတာကြောင့် မြန်မာငွေနဲ့ တွက် ကြည့်ရင် ငွေကျပ် ၁သိန်းကျော်လောက်သာ ကျသင့်မှာ ဖြစ်ပြီး Best Buy မှာ စတင် အော်ဒါမှာလို့ရပီလို့လည်း သိရပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။