သရုပ်ဆောင်ဘေဘီမောင်ကိုတော့ ချစ်ပရိသတ်ကြီးချစ်မှာပါ။ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေသူလဲ ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ myanmar idol season 3ကို စိတ်ဝင်တစားကြည့်ရူနေတဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ Myanmar Idol Season 3 ရဲ့ Grand Final ကိုတတ်ရောက်သွားတဲ့ ဖြိုးမြတ်အောင်ရဲ့ အမာခံပရိသတ်တစ်ဦးပဲဖြစ်ပါတယ်။ 

သူမကတော့ " ဖြိုးမြတ်အောင်ကိုအားပေးတဲ့ပရိတ်သတ်တွေအားလုံးကတော့ဖြိုးမြတ်အောင်ကို winnerပေးပီးသားပါပဲ အဲထဲမှာ ဘေဘီ လည်းပါတယ် winnerကဘယ်သူ့ကိုပေးပေး ကျမတို့အားလုံးအတွက် ဖြိုးမြတ်အောင် 7 winnerပဲ ကျမဘယ်သူ့ကိုမှပုတ်ခတ်ပီးမပြောဘူးနော် ကျမပါကျမ ဖြိုးမြတ်အောင်ပဲအားပေးနေတာပါ7 ဆိုတာကံကောင်းခြင်းနံပါတ်ပါ Winnerဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်မောင်လေး ဖြိုးမြတ်အောင်ကံကောင်းပါစေ " ပြောထားပါတယ်။ 

Myanmar Idol Season 3 ရဲ့ Grand Final ပွဲကတော့ မကြာခင်ကျင်းပတော့မှာဖြစ်ပြီး ပြိုင်ပွဲနှစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုကတော့ Grand Final ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေကြပါတယ်။ Myanmar Idol Season3ကို ပရိသတ်တွေသာမက အနပညာလောကသားတွေပါ စိတ်ဝင်တစားကြည့်ရူနေကြတဲ့ ပွဲတစ်ပွဲလဲ ဖြစ်ပါတယ်။

source: baby maung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။