AFFU16Championship2018ပြိုင်ပွဲတွေကတော့အင်ဒိုနီးရှားနိုင်ငံမှာလက်ခံကျင်းပနေတာဖြစ်ပီး

ခုမှာဆိုဆီမီးဖိုင်နယ်ကိုရောက်ရှိလာပီလည်းဖြစ်ပါတယ်။ဆီမီးဖိုင်နယ်ကိုဒီနေ့မှာယှဉ်ပြိုင်ကစားမှာဖြစ်ပီး

ပထမပွဲစဉ်မှာမြန်မာအသင်းနဲ့နာမည်ကြီးထိုင်းအသင်းတို့ကယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဒီနှစ်သင်းက တော့ပြိုင်ပွဲတွေရဲ့အဆုံးအဖြတ်ပွဲတွေမှာတွေ့ရပီးအမြဲပြိုင်ဆိုင်မှုပြင်းထန်တဲ့တာလည်းဖြစ်ပါတယ်။

အသက်အရွယ်လိုက်ပြိုင်ပွဲတွေမှာမကြာသေးခင်ကတွေ့ဆုံထားပီးမြန်မာအသင်းပဲ

အနိုင်ရထားတာလည်းဖြစ်ပါတယ်။ဒီပွဲမတိုင်မီထိုင်းမှာခြေစမ်းကစားခဲ့တုန်းကလည်းတစ်ဖက်၁ဂိုးဆီနဲ့

သရေရလဒ်ထွက်ပေါ်ခဲ့ပါသေးတယ်။လက်ရှိမှာနှစ်သင်းလုံးကအကောင်းဆုံးအနေထားမှာရှိနေပီးအမှားခံလို့မရတော့ဘူးဖြစ်ပါတယ်။

အောင်မြင်မှုတွေေဝေးကွာနေတဲ့မြန်မာအသင်းကတော့ဒီပြိုင်ပွဲမှာအောင်မြင်ဖို့အတွ

က်လက်တစ်ကမ်းအလိုမှာရှိနေတဲ့အတွက်ဒီပွဲကိုရေကုန်ရေခန်းကစားမှာဖြစ်ပါတယ်။

မြန်မာအသင်းတော့တစ်ပွဲထက်တစ်ပွဲပိုကောင်းလာပီးအချိတ်ဆက်မိမိကစားလာတာကြောင့်ထိုင်းအသင်းကို

အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာပါ။ပရိတ်သတ်တွေလိုချင်တဲ့အောင်မြင်မှုတွေအတွက်ရေကုန်ရေခန်းကစားမ

ယ့်မြန်မာအသင်းနဲ့ထိုင်းအသင်းတို့ပွဲကိုရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြရအောင်ခင်ဗျာ။

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။