မြန်မာနိုင်ငံရဲ့နာမည်ကြီး ဆယ်လီစုံတွဲတွေထဲက တစ်တွဲဖြစ်တဲ့ မိတ်ကပ်ပညာရှင် မေဦး နဲ့ ဟန်လင်း ဆိုရင် မသိသူ မရှိလောက်အောင် ချစ်ဖို့ ကောင်းတဲ့ စုံတွဲလေးမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်နော်။ လူသားတိုင်းချစ်တတ်ကြပေမဲ့ လည်း တော်ရုံတန်ရုံ လူသားတွေတောင် တစ်ယောက်ကို တစ်ယောက် အမှန်တကယ် ချစ်မြတ်နိုးဖို့ ခက်ခဲသလို ၊ တစ်ယောက်ကို တစ်ယောက် လက်တွဲဖို့ ခက်ခဲ ကြပေမဲ့လည်း အရမ်း ချစ်တတ်ကြတဲ့ စုံတွဲလေးတွေ မြင်ရင် အားမကျပဲ မနေတတ်ဘူးထင်ပါတယ်နော်။

တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုတွေနဲ့ ဖန်တီးထားတဲ့ ချစ်ခြင်းဟာ ဘယ်တော့မှ မပျက်စီးဘူးဆိုတာ အမြဲ သက်သေပြနေတဲ့ ဟန်လင်း နဲ့ မေဦး တို့ စုံတွဲလေးက သက်သေဖြစ်ပါတယ်။ သဘာဝတရားကြီးအရ ဆန့်ကျင်ဘက်လိင် မိန်းမ ၊ယောကျော်းအချင်းချင်းတောင် အရမ်းချစ်ကြဖို့ တကယ်ခက်ခဲတဲ့ ဒီလိုခေတ်ကြီးမှာ သဘာဝတရားကို ဆန့်ကျင်လို့ တစ်ဦးကို တစ်ဦး တကယ်ချစ်မြတ်နိုးကြတဲ့ သူတို့ အတွဲလေးကတော့ အချိန်တွေကြာလေ ပိုခိုင်မြဲလေမို့ တကယ့်ကို အားကျစရာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း သူတို့ စုံတွဲလေးဟာ ချစ်သူသက်တမ်း(၂) နှစ်ပြည့်ခဲ့ပြီ ဖြစ်သလို သူတို့ရဲ့ နှစ်ပတ်လည် နေ့လေးအတွက် ဟန်လင်းက မေဦးကို အမှတ်တရ Suprise လေး လုပ်ခဲ့ပေးပါသေးတယ်။ သူတို့ နှစ်ဦး ရဲ့ အေးချမ်းလှတဲ့ ဆက်ဆံရေးဟာ အများအားကျစရာမို့ ဒီရက်ပိုင်းအတွင်း Dating လုပ်နေတဲ့ သူတို့ ပုံလေးတွေကို facebook စာမျက်နာထက်ကနေ မျှဝေထားပါတယ်။ KFC မှာ ကြက်ကြော်စားရင်း ဒိတ်လုပ်နေတဲ့ သူတို့နှစယောက်ရဲ့ အမှတ်တရ ပုံလေးတွေကို မေဦးက သူရဲ့ facebook စာမျက်နာထက်ကနေ မျှဝေထားပြီး ဟန်လင်း အားရပါးရစားနေတဲ့ပုံလေးတွေကို ဆေးထိုးလိုက်ပါသေးတယ်။

SOURCE: May Oo; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။