ပရိသတ်ကြီးရေ မင်းသားချော ေ6ဇရဲထက်ကတော့ ဗီဒီယိုနဲ့ ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ်တွေကြား နာမည်ကြီးအောင်မြင်လာသူတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင် ပင်ကိုယ်အရည်အချင်းနဲ့ ကြိုးစားပြီး အောင်မြင်လာခဲ့တဲ့ သူက အခုဆိုရင် မသိသူမရှိတဲ့ နိုင်ငံကျော်မင်းသားတစ်ယောက်အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ သူက စိတ်ရင်းစေတနာကောင်းရှိသူလည်းဖြစ်ပြီး အခုလည်း "Myanmar Idol " ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုအတွက် ရင်ထဲကစေတနာတွေကို ဖွင့်ပြောထားတာ တွေ့ရပါတယ်။

အခုလတ်တလောမှာ လူကြည့်အများဆုံးနဲ့ ပရိသတ်တွေရဲ့ အကြီးအကျယ်အားပေးခြင်း ခံနေရတဲ့ "Myanmar Idol " ပြိုင်ပွဲကြီးက နောက်ဆုံးပွဲစဉ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ နောက်ဆုံးပြိုင်ပွဲဝင်တွေအဖြစ် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို ၂ဦးသာ ကျန်ရှိပြီး Winner ဆုအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ပရိသတ်တွေက အကြိတ်အနယ်အားပေးနေကြတာ တွေ့ရပါတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီ ရှိကြသလို မင်းသားဇေရဲထက်ကတော့ ချမ်းမြေ့မောင်ချိုရဲ့ အမာခံရိသတ်တစ်ဦး ဖြစ်ပါတယ်။ နောက်ဆုံးပြိုင်ပွဲက နီးကပ်လာတာကြောင့် ဇေရဲထက်က မောင်ချို့အတွက် အားဖြစ်စေမယ့် စကားတစ်ချို့ကို Facebook မှာ ပြောကြားထားတာ တွေ့ရပါတယ်။

ဇေရဲထက်က "သိန်းတစ်ရာတော့ vote မပေးဘူး တက်ပြီးဆုချပြစ်မှာ တိုက်ရိုက် အပြင်မှာပွဲလုပ်ပြီး ငါ့ညီမ တစ်ယောက်တည်း ပိုင်ဆိုင်ပါစေ ပေးနိုင်ခဲ့ရင်စိတ်ကူးပေါ့။ ပင်ကိုယ်အသံရှိပြီး ရိုးသားဖြူစင်တဲ့နှလုံးသားပိုင်ရှင်မို့ပါ။ စိတ်ထားရိုးသားရင်မျက်နာမှာပေါပါတယ်အဓိကက မျက်လုံးပေါ့။ကျနော် အကြိုက်ပေါ့နော် ဘယ်သူမှ မထိခိုက်ပါဘူး။ လူတိုင်းအကြိုက်တမျိုးစီရှိတဲ့အတွက် ကျွန်တော်ခံစားမှု မှားကောင်းမှားနိုင်မယ် ဒါပေမယ့် ကျနော်ကြိုက်တဲ့အတွက် အမှားလို့မမြင်သလို သူ့မှာထူးခြားတဲ့ အရည်အချင်းနဲ့ တောက်ပမှုတွေထင်းနေတယ်ဆိုတာ ကျနော်မြင်လို့ပါ " ဆိုပြီး မောင်ချို့ကို အပြတ်အသတ်အားပေးနေတဲ့ ဇေရဲထက်ရဲ့ အားပေးစကားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Ko Zay Ye Htet ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။