ဂျပန်နိုင်ငံဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေမှာ လူသိနည်းသေးတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေလည်း ရှိတာအပြင် လေးစားစရာစိတ်ထားတွေကြောင့်လည်း ကမ္ဘာမှာ အလေးစားခံရဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်နေတာလည်းဖြစ်ပါတယ် ။ ဒီအချက်လေးတွေထဲကမှ လူသိနည်းပြီးစိတ်ဝင်စားစရာကောင်းလှတဲ့ အချက်တစ်ချို့ ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

(၁) ဂျပန်လူမျိုးအများစုဟာ အသက်ရှည်ကြပြီး အသက်ရှည်စေတဲ့ လျှို့ဝှက်ချက်တွေထဲမှာ Basashi လို့ ခေါ်တဲ့ မြင်းသားစားခြင်းဟာလည်း တခုအပါအဝင်ပဲ ဖြစ်ပါတယ်။ မြင်းသားဟာ အမဲသား၊ ဝက်သား စတာတွေ ထက် ကျန်းမာရေးနဲ့ပိုမိုညီညွတ်ပြီး ကယ်လိုရီပါဝင်မှု နည်းပါးတာကြောင့် ဂျပန်လူမျိုးအများစုက နှစ်ခြိုက်စွာ စားသုံးကြတာဖြစ်ပါတယ်။

(၂) ဂျပန်နိုင်ငံဟာ ငလျင်ဒဏ်အခံရဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး တနှစ်မှာ အကြိမ်ရေပေါင်း ၁၅၀၀ ခန့် ငလျင်လှုပ်မှုတွေ ဖြစ်ပွားတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ပထဝီအနေအထားအရကို ဂျပန်နိုင်ငံဟာ ငလျင်ဖြစ်နိုင်ခြေ များတဲ့ မြေပေါ်မှာတည်ရှိတာကြောင့် မကြာခဏ ဆိုသလို ငလျင်ဒဏ် ခံရတာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Tohoku ငလျင်ဟာ လူအသေအပျောက် အများဆုံး ငလျင်တခု ဖြစ်ပါတယ်။

(၃) အနောက်နိုင်ငံတွေမှာ အစားစားတဲ့အခါ အသံမြည်တာကို ယဉ်ကျေးမှု မရှိဘူးလို့ ယူဆကြပေမယ့် ဂျပန်နိုင်ငံမှာတော့ ခေါက်ဆွဲနဲ့ စွပ်ပြုပ်တွေ စားတဲ့အခါမျိုးမှာ တရှုးရှုးတရှဲရှဲ အသံထွက်စားခြင်းဟာ ပုံမှန်ပဲ ဖြစ်ပြီး အရသာကို ကောင်းကောင်းခံစားတတ်သူတွေလို့ သတ်မှတ်ကြပါတယ်။

(၄) ဂျပန်နိုင်ငံဟာ အဘက်ဘက်ကနေ ခေတ်မီတိုးတက်ပြီး ချမ်းသာတဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု အများဆုံးနိုင်ငံပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် သေဆုံးသူဦးရေဟာ တနှစ်မှာ လူအယောက်ပေါင်း ၃၀၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

(၅) ဂျပန်နိုင်ငံမှာ လမ်းတွေအမြောက်အများ ရှိပေမယ့် လမ်းနာမည်တွေတော့ မရှိပါဘူး။ ဂျပန် လူမျိုးအများစုဟာ လမ်းတွေကို ခေါ်ဝေါ်မှတ်သားမယ့်အစား Block နာမည်တွေနဲ့သာ ခေါ်ဝေါ် ပြောဆိုကြပါတယ်။

(၆) နိုင်ငံတကာမှာတော့ ကလေးငယ်တွေကိုသာ မွေးစားကြတယ်လို့ လူသိများကြပေမယ့် ဂျပန်နိုင်ငံမှာတော့ အရွယ်ရောက်ပြီးသူတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို မွေးစားတဲ့ ဓလေ့ဟာ ချမ်းသာကြွယ်ဝသူတွေကြား ရေပန်းစားတဲ့ ဓလေ့တခုပဲ ဖြစ်ပါတယ်။

Source : www.toptenz.net

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။