အမျိုးသမီးအများစုရဲ့ Idol တစ်ဦးဖြစ်တဲ့ နေခြည်ဦးတစ်ယောက် သူမရဲ့ အမိုက်စားအလွင့် ပုံရိပ်တစ်ခုကို တင်လိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။ ပေါ့းပါးပြီး ပွင့်လင်းတဲ့ သူမရဲ့ချစ်စဖွယ် အမူ အရာလေးကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရသူလေးလည်းဖြစ်ပါတယ်။ Beauty Blogger တစ်ဦးအဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင် သရုပ်ဆောင်ဖက်ကို စတင်ကူးပြောင်းလာခဲ့တာပဲဖြစ်ပါတယ်။

သူမက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကား 2 ကားကို ရိုက်ကူးထားပြီလည်းဖြစ်ပါတယ်။ ယခင်က နှုတ်ခမ်းအလှပြုပြင်မှုလုပ်ခဲ့ပေမယ့် သိပ်မကြာ သေးခင်က ကိုရီးယားနိုင်ငံမှာ မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်မှု သွားရောက်လုပ်ခဲ့ပြီး လက်ရှိမှာတော့ အရုပ်မလေး တစ်ယောက်လို အလှကြီးလှ နေပြီပဲဖြစ်ပါတယ်။ စကားပြောပုံ ချစ်စရာဟန်ပန်အမူအရာနဲ့ သူမရဲ့ အလှအပဆိုင်ရာ Video လေးတွေက အမျိုးသမီးပရိသတ်တွေကြားမှာ ရေပန်းစား လွန်းပါ တယ်။

ဓာတ်ပုံဆရာ Haw Suepin ရဲ့ အမိုက်စားလက်ရာတစ်ပုံဖြစ်တဲ့ သူမရဲ့ရေချိုးကန်ထဲက သဘာဝအလှတွေက တကယ်ကိုကြွေချင်စရာပါပဲ။ လှပလွန်းတဲ့ ကောက်ကြောင်းတွေကို မပေါ့်တပေါ်လေးရိုက်ထားပုံက လုံးဝအမိုက်စားပါပဲ။ မခွဲစိတ်ခင်မှာရော ခွဲစိတ်ပြီးတဲ့အခါမှာ ရော ချစ်ဖို့ကောင်းလွန်းနေတဲ့ Beauty Blogger သရုပ်ဆောင် နေခြည်ဦးရဲ့ ကြွေဆင်းသွားစေ လောက်တဲ့ပုံရိပ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။