Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက်ကတော့ သူမရဲ့ကြိုးစားမှုကြောင့် Top 2 ထဲပါခဲ့ပေမယ့် ပရိသတ်တွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကို အလူးလဲခံနေရတဲ့ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေရတာဖြစ်ပါတယ် ။ မကြာသေးမီကမှ သူမစိတ်ဓာတ်တွေအရမ်းကျပြီး ဆေးရုံတက်ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ် ။ အသက်ငယ်ရွယ် သေးတဲ့ ကလေးတစ်ယောက်အနေနဲ့ ဝေဖန်မှုတွေအပေါ် ခံနိုင်ရည်မရှိဘဲ စိတ်ဓာတ်ကျနေတယ်လို့ထင်ပါတယ် ။

ဒါပေမယ့် သူမရဲ့မိသားစုကတော့ သူမအတွက် အားဆေးတစ်ခွက်လို့ဘဲပြောရမှာပါဘဲ ။ သူမဘက်က ရပ်တည်ပေးနေတဲ့ ဖန်တွေ အပြင် သူမရဲ့ အစ်ကို ၊ အဖေနဲ့အမေ တို့ကလည်း သူမဘေးကနေ အမြဲအားပေးနေကြတာဟာ သူမအတွက်တော့ခွန်အားတစ်ခုလို ဘဲပြော ရမှာပါဘဲ ။ သူမရဲ့ဖခင်ဖြစ်သူ ဦးမောင်ချိုက သင်္ဘောပေါ်ကနေ သမီးငယ်လေး ချမ်းမြေ့ မောင်ချိုကို အားပေးတဲ့အနေနဲ့ We Stand With You ဆိုတဲ့ စာသားလေးနဲ့အတူ Video လေးရိုက်ပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ တင်ခဲ့တာဖြစ်ပါတယ် ။

" ချစ်သမီးငယ်လေး အားရှိဖို့ အဖေကြီးတို့ညီအကိုများအားလုံး ပင်လယ်ထဲကအားပေးနေ တယ် " ဆိုတဲ့စာသားလေးက ပရိသတ်တွေရဲ့ရင်ကို တကယ်ဘဲ ထိရှစေပြီး ဖခင် တစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာတွေ က အပြည့်ဝပေါ်လွင်နေပါတယ် ။ နေမကောင်းဖြစ်နေ တဲ့ ချမ်းမြေ့မောင်ချိုလေးတစ်ယောက်လည်း အမြန်ဆုံး ကျန်းမာဖို့ပရိသတ်ကြီးက ဆုတောင်း ပေးလိုက်ကြပါဦးနော် ။

Source : Maung Maung Cho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။