ပရိသတ်အချစ်တော် မင်းသမီးချော နန်းဆုဦးကတော့ စူးရှတဲ့ ညို့မျက်ဝန်းတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေကိုဖဲ့ခြွေနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာလည်း တကယ့်ကို ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး အငို၊အပြုံး၊ဟာသစတဲ့ ဇာတ်ရုပ်မျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တစထက်တစ်စ ပိုပို ရရှိလာတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ သစ္စာချည်တိုင် လို့အမည်ရတဲ့ ဇာတ်လမ်းတွဲ လေးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။  

ဒီဇာတ်ကားလေးမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် အလင်းရောင်၊ စံရတီမိုးမြင့်၊ငြိမ်းချမ်းကျော်၊သားညီ၊ သိန်းလင်းစိုး၊ မေသဉ္ဇာဦး၊ ခိုင်ဇင်သက်တိုနဲ့အတူတခြားသောဝါရင့်ဇာတ်ပို့သရုပ်ဆောင်များစွာနဲ့ ဒါရိုက်တာ သြရသကရိုက်ကူးနေတာဖြစ်ပါတယ်။သြဂုတ်လ(၇)ရက်နေ့မှာတော့ သစ္စာချည်တိုင် ရုပ်သံဇာတ်လမ်းတွဲလေးရဲ့ ကန်တော့ပွဲပေးခြင်းအခမ်းအနားကို ရန်ကုန်မြို့ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ကန်တော့ပွဲသို့တက်ရောက်လာတဲ့ မင်းသမီးချောလေး နန်းဆုဦးကတော့ တကယ့်ကို တက်ကြွဖျက်လက်တဲ့ခြွေလှမ်းတွေနဲ့ ကိုယ်ကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့ လှပစွာလျောက်လှမ်းလာတာပဲ ဖြစ်ပါတယ်။မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုကျက်သရေရှိလှတဲ့ သူမကတော့ မြင်သူတိုင်းကြွေလောက်ပါတယ်နော်။ပရိသတ်တွေအတွက်လည်း မြင်ရသူတိုင်း ကြည်နူးသွားစေမယ့်အလှစစ်တွေနဲ့ လှနေတဲ့ နန်းဆုဦးရဲ့ဓာတ်ပုံလေးတွေကိုလည်းမျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နန်းဆုဦး  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။