ဘုန်းကြီးကျောင်း ကျက်သရေဆောင်တွင် မူးယစ်ဆေးဝါးနှင့် ခဲယမ်းများ ဖမ်းမိ

မောင်တောမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ခဲယမ်းတချို့ မေယုစစ်ဆင်ရေးအထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ညနေ ၅ နာရီခန့်မှာ မောင်တောဘက်ကို မောင်းနှင်လာတဲ့ ကားတစီးကို ဗောဓိကုန်းစစ်ဆေးရေးဂိတ်မှာ ရပ်တန့်စစ်ဆေးတဲ့အခါ ကားပေါ်မှာ ပီနံအိတ်နဲ့ထုပ်ထားတဲ့ WY စိတ်ကြွဆေးပြား ၄ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီမော်တော်ယာဉ်မှာပါလာတဲ့ လိုက်ပါလာတဲ့ ဦးအာစာရကို စစ်ဆေး

မေးမြန်းချက်အရ နောက်ထပ် WY မူးယစ်ဆေးပြားတွေနဲ့ ခဲယမ်းတချို့ကို ရွှေဗဟိုဘုန်းကြီးကျောင်းထဲမှာ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်လို့ သိရပါတယ်။

ရွှေဗဟိုဘုန်းကြီးကျောင်း အပေါ်ထပ် ကျက်သရေခန်း ခုတင်အောက်မှာ ဆာလာအိတ်အဝါရောင် ၃ အိတ်၊ အောက်ထပ်စတိုထဲက ဆာလာအိတ် ၅ အိတ်၊ ကျောင်းလှေကားအောက်က ဆာလာအိတ် ၁၁ အိတ်၊ စုစုပေါင်း ဆာလာအိတ် ၁၆ အိတ်ကို WY ဆေးပြားတွေထည့်ထားတာ တွေ့ရှိရပြီး ကျောင်းဆောင်ဘေးအခန်းထဲက ဗုံးသီး ၁ လုံး၊ နိုင်ငံခြားဖြစ် ၅.၅၆ ကျည် ၄၀ တောင့်၊ ကပစထုတ် ၅.၅၆ ကျည် ၁၅ တောင့်နဲ့ ၇.၆၂ ကျည် ၃၉ တောင့်တို့ကိုပါ သိမ်းဆည်း ရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြား

အရေအတွက်ဟာ ၄၂ သိန်း၊ ၂ သောင်းကျော်ရှိ ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့ ဗဟိုကျောင်းဆရာတော် ဦးအာစာရကို မူးယစ်နဲ့ လက်နက်ဥပဒေတွေအရ အမှုဖွင့်အရေးယူထားပြီး စစ်ဆေး

နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးနှိမ်နင်းဖို့အတွက် မေယုစစ်ဆင်ရေးကို ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ဆောင်ရွက်နေတာပါ။ ဒီစစ်ဆင်ရေးကို မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေတာဖြစ်ပြီး ရခိုင်ဒေသက မဟုတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလကို အထူးစစ်ဆင်ရေးလအဖြစ် သတ်မှတ်ထားတာပါ။

Source: DVB

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။