လက်ရှိ ပြည်တွင်းမှုခင်းအမှုတွေထဲမှာ အိမ်ရှင်နှင့်အိမ်အကူအမှုကိစ္စများလည်း အတော်များများပါဝင်နေတာတွေ့မြင်ကြားဖူးကြမယ်ထင်ပါတယ်။ 

အဆိုပါ အမှုတွေထဲမှာ ညင်းပန်းနှိပ်စက်မှုနှင့်အတူ အလိုမတူအဓမ္မကျင့်မှုတွေက ပိုမိုများပြားစွာဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါတယ်။  

ဒီကနေ့ သြဂုတ်လ ၉ရက်နေ့တွင်လည်း ၁၆ နှစ်အရွယ် အိမ်အကူအမျိုးသမီးငယ်ကို အိမ်ရှင်အမျိုးသားက ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ကျောက်တံတားမြို့နယ်၊ ၃၆လမ်းရှိ နေအိမ်တခုတွင် အသက် ၁၆ နှစ်အရွယ် အိမ်အကူအမျိုးသမီးငယ်တဦးအား အိမ်ရှင်အမျိုးသားက ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး "အိမ်အကူအမျိုးသမီးငယ်မှာ ယနေ့ ( သြဂုတ် ၉ ရက်) နံနက်ပိုင်းက ၃၈ လမ်းဈေးသို့ ဈေးဝယ်ထွက်ခဲ့စဉ် ခန္ဓာကိုယ်ပေါ်တွင် ညိုမည်းဒဏ်ရာများတွေ့ရှိရသည့်အတွက် ၎င်း၏အသိမိတ်ဆွေမိတ်များက ခေါ်ယူမေးမြန်းကြည့်ရာ အိမ်ရှင်အမျိုးသားမှနှိပ်စက်ခဲ့သည့် ဒဏ်ရာများဖြစ်နေကြောင်း" ကာယကံရှင် ဖြစ်သူမှ ပြောပြခဲ့ကြောင်း သိရပါတယ်။ လက်ရှိ သက်ဆိုင်ရာရဲစခန်းကို တန်းကြားအရေးယူဖို့ရှိနေကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေမျှဝေပေးလိုက်ပါတယ်။

Vedio - Tint Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။