Myanmar Idol Season 3 - Top Finalists ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ နီလန်းကတော့ Myanmar Idol Season 3ကနေ လက်ပြနှုတ်ဆက်ခဲ့ရပေမဲ့လဲ ပရိသတ်အခိုင်အမာရရှိထားပြီး ဖြစ်ပါတယ်။ သူမကတော့ Myanmar Idol ညီအကိုမောင်နှမတွေဖြစ်ကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုကို ဝေဖန်နေကြနဲ့ပတ်သက်ပြီး အခုလိုပဲပြောကြားခဲ့ပါတယ်။ 

သူမကတော့ " ကျေးဇူးပြု၍ ဘယ်သူ့ကိုမှမတိုက်ခိုက် မပုတ်ခတ်ပဲ နေလို့မရဘူးလား ??အနိုင်ယူချင်လည်း ချစ်ခြင်းမေတ္တာနဲ့အနိုင်ယူလို့ရပါတယ်။ please peace sorry for top2 " ဆိုပြီး Myanmar Idol Season 3 Grand Final ပွဲမစတင်မီ ပြိုင်ပွဲဝင်နှစ်ယောက်စလုံးကို ဝေဖန်နေကြတဲ့ လူတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Myanmar Idol Season3ကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ဝင်တစားကြည့်ရူနေကြတဲ့ ပွဲတစ်ပွဲလဲ ဖြစ်ပါတယ်။ Myanmar Idol Season 3 ရဲ့ Grand Final ပွဲကတော့ မကြာခင်ကျင်းပတော့မှာဖြစ်ပြီး ပြိုင်ပွဲနှစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုကတော့ Grand Final ပွဲအတွက် အကောင်းဆုံးပြင်ဆင်ကြိုးစားနေကြပါတယ်။

source: Nilen 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။