ပရိသတ်ကြီးရေ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ "The Sign Of Love'' ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတစ်ဆင့် ပရိသတ်ရင်ထဲ ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးဇာတ်လမ်းတွဲ မင်းသမီးလေးလို့ ဆိုရလောက်အောင် ဇာတ်လမ်းတွဲတွေနဲ့ အနုပညာလောကကို အခြေချခဲ့သူ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမက လက်ရှိမှာ မင်းသမီးတစ်ဦးအဖြစ် ရပ်တည်ကာ ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

လတ်တလောမှာ ယမုံက "စိတ်၏ခြေရာ" ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ မင်းသားကျော်ထက်ဇော်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး မကြာခင်မှာလည်း MRTV-4 မှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ယမုံက မင်းသားအောင်ရေချမ်းနဲ့အတူ ''ကျွန်မက မဟေသီ" ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း ပါဝင်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ "ကျွန်မကမဟေသီ" ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ "စံမြန်း" ဆိုတဲ့ ကောင်မလေးနေရာကနေ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

အခုလည်း ယမုံက ပရိသတ်တွေ စိတ်ဝင်စားစေမယ့် စာသားလေးနဲ့အတူ သူမရဲ့မြန်မာဆန်ဆန် ပုံရိပ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။ယမုံက "အမုန်းစကားတွေခြွေ အသည်းကြွေ ဘယ်သူမှမသိ တို့အသိလေ ကိုကိုရေ တိတ်တခိုးအချစ်ကြောင့် ရင်မှာနင့်နေ " ဆိုတဲ့ သီချင်းလေးကို ညည်းရင်း လွမ်းဆွေးငေးမောနေတဲ့ ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း မင်းသမီးလေး ဝင့်ယမုံနိုင်ရဲ့ မဟာဆန်တဲ့အလှကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wint Yamone Naing ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။