၂၀၁၆ နှစ်ကုန်ပိုင်းတုန်းက ဝါဆိုမိုးဦးဟာ သူမချစ်သူနှင့် ပြတ်သွားပြီဖြစ်ကြောင်း ဘာမှ မသက်ဆိုင်တော့ကြောင်း အတိအလင်းကြေငြာခဲ့တာကို ပရိသတ်တော်တော်များများသိကြမှာပါ။ သို့သော်လည်း ဒီရက်ပိုင်းမှာ ဖြိုးလေး နှင့် ဝါဆိုမိုးဦးတို့ကို နေရာတိုင်းမှာ တတွဲတွဲ တွေ့မြင်နေရပါတယ်။

ပရိသတ်တွေကြားမှာ လည်း သူတို့ နှစ်ယောက်ဟာ ချစ်သူတွေ ဆိုပြီး သတင်းတွေထွက်လို့နေပါတော့တယ်။ သူတို့နှစ်ယောက်ဟာ မကြာသေးခင် က trend အတွက် ကြော်ငြာရိုက်တဲ့ အချိန်တုန်းကလည်း တစ်ယောက်နှင့် တစ်ယောက် အရမ်းရင်းနှီးနေတာကိုလည်းတွေ့ရမှာပါ။ ပရိသတ်တွေကို အတိအလင်းဖွင့်မပြောသေး ပေမယ့်လဲ သူတို့ နှစ်ယောက်ကြိုက်နေတာ သေချာသလောက်ရှိပြီနော့...

၃ လပိုင်ူမှာ ထွက်မဲ့ သူမရဲ့ တကိုယ်တော် အခွေ အတွက် အပြင်းအထန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ စန္ဒီမြင့်လွင်၊ ဖြိုးလေး (Snare) စတဲ့အဆိုတော်များစွာ ပါဝင်တဲ့ အပြင် တခွေလုံးကို music video တွေပါ တစ်ခါထဲ ထည့်သွင်းသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် တော်တော်တန်တဲ့ အခွေဖြစ်မှာပါ။ ထွက်လာရင်အားပေးလိုက်ကြဦးနော်...

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။