မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေကြားအရမ်းကို ရေပန်းစားအားပေးချစ်ခင်ရတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သလို လှူဒါန်းမှုများနဲ့ မကြာခဏကုသိုလ်ယူလေ့ရှိတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်..။ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ကတော့ အားလပ်ရက်အိမ်ပြန်ချိန်မှာတောင်မှပဲ စွန့်ပစ်ခံအဘိုးအဘွားတွေအတွက် လှူဒါန်းမှုများ ပြုလုပ်ပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်..။အခုတစ်ခေါက်မှာလည်း ဖြိုးမြတ်အောင်တစ်ယောက် အခုလည်း သူရရှိခဲ့တဲ့ ချီးမြှင့်ငွေတွေနဲ့ ကောင်းမှုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

ဖြိုးမြတ်အောင်ဟာ မကြာသေးခင်က ဟင်္သာတမြို့မှာရှိတဲ့ “ခိုလုံရာဘိုးဘွားရိပ်သာ” မှာ အဘိုးအဘွားများအတွက် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုများသွားရောက်ပြုလုပ်ခဲ့ပြီး သံဃာတော်များကိုလည်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ြ့ပီး ကလေးငယ်များအတွက်လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်..။အခုလည်း ယနေ့၉.၀၈.၁၈(ကြာသပတေးနေ့)တွင်ဖြိုးမြတ်အောင်တစ်ယောက်သူ မူလတန်းတုန်းက တက်ခဲ့တဲ့ အမက (၂၄)မှာကျောင်းသား/သူလေးများ အားခေတ္တပြန်ရောက်ချိန်မှာလှူဒါန်းခဲ့သောအလှူငွေဖြင့်စတုဒိသာထမင်းကျွေးလှူဒါန်းခဲ့ပါတယ်။ လာမယ့်ဖိုင်နယ်အတွက် ကြိုးစားနေခဲံရတာဖြစ်လို့ အလှူမှာ ဖြိုးမြတ်အောင်ရှိမနေခဲ့ပေမယ့် ဟင်္သာ ဖြိုးမြတ်အောင်မိခင်နဲ့ ဖြိုးမြတ်အောင်ရဲ့ အမာခံပရိသတ်တွေက ကမကထလုပ်ပြီး အလှူကို ပါရမီဖြည့်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

လာမယ့်အပတ် ဖိုင်နယ်ပွဲကြီးမှာ ယှဉ်ပြိုင်ရတော့မယ့် ဖြိုးမြတ်အောင်ကတော့ Winner ဖြစ်ဖို့ ရေပန်းစားနေပြီး ပရိသတ်တွေရင်ထဲကပေးတဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဆိုလည်း မမှားပါဘူး..။ဟင်္သာတကို ခေတ္တပြန်ချိန်မှာလည်း အံ့သြရလောက်အောင် ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ အားပေးကြိုဆိုခံခဲ့ရတဲ့ ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အဝအခိုင်အမာရရှိထားသလို ပရိသတ်အားပေးမှုတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ.. ။ပရိသတ်ကြီးရေ ဒီအလှူလေးကို ဖြိုးမြတ်အောင်နဲ့အတူ သူ့ကို အားပေးတဲ့ ပရိသတ်တွေသာဓုခေါ်နိုင်ဖို့မျှဝေပေးပါဦးနော်။

Source - PHYO MYAT AUNG (Fan များ group)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။