Myanmar Idol Season 3ရဲ့ Voting No 11 ပိုင်ရှင်လေးဖြစ်တဲ့ ပရိသတ်အချစ်တော် ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုကတော့ ဒီနေ့မှာအရေးပေါ်ဆေးရုံတင်လိုက်ရပြီပဲဖြစ်ပါတယ်။အရမ်းကိုအရေးကြီးတဲ့နောက်ဆုံးအဆုံးအဖြတ် ဖိုင်နယ်ပွဲကြီးနီးကာမှသူမရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးရွှားလာတာကြောင့်ချက်ချင်းဆိုသလို ဆေးရုံတင်ကာဆေးကုသမှုခံယူလိုက်ရတာပဲဖြစ်ပါတယ်။လက်ရှိမှာ သူမကိုချစ်တဲ့ ပရိသတ်တွေအားလုံးနဲ့မိသားစုဝင်တွေလည်း အရမ်းကိုစိတ်ပူနေကြရပါတယ်။ 

ချမ်းမြေ့မောင်ချိုကတော့ လက်ရှိမှာ တုပ်ကွေးရောဂါဝေဒနာကိုခံစားနေရပြီး အာသီးရောင်ခြင်းတို့အပြင် လေးဖက်နာ (ASO) တက်ခြင်းတို့ခံစားနေရတာကြောင်ချက်ချင်းဆေးရုံတင်လိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့သြဂုတ်လ(၉)ရက်နေ့မှာပဲ သူမကို ရန်ကုန်မြို့သုခကမ္ဘာဆေးရုံကြီးမှာ ဆေးရုံတင်ကာဆေးကုသမှုများပြုလုပ်နေတာပဲဖြစ်ပါတယ်။Myanmar Idol Season 3 ပြိုင်ပွဲကြီးမှာ ခက်ခက်ခဲခဲ နဲ့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက်ဆုံးပြိုင်ပွဲဝင်နှစ်ယောက်သာကျန်ရစ်ခဲ့တော့တဲ့ အဆုံးဖြတ်ဖိုင်နယ်ပွဲကြီးကလည်း အရမ်းကို နီးကပ်နေပြီးဖြစ်တာကြောင့် သူမကိုယ်တိုင်ရောပရိသတ်တွေ အားလုံးပါအရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေရမယ်ထင်ပါတယ်။

Myanmar Idol Season 3ပြိုင်ပွဲကြီးကတော့ မြန်မာပြည်သူပရိသတ်တွေကြားမှာတကယ့်ကို ရေပန်းအစားဆုံးနဲ့ဟော့အဖြစ်ဆုံး ပြိုင်ပွဲကြီးအဖြစ်နဲ့ ပရိသတ်တွေကိုအဆွဲဆောင်နိုင်ဆုံးပြိုင်ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေအပေါ်ပြင်းထန်တဲ့ဝေဖန်များစွာလည်းရှိ နေသလို ပြိုင်ပွဲဝင်တွေအတွက်လည်း အရမ်းကို စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခုဖြစ်တယ်ဆိုတာလည်းပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်။ဒီနေ့မှာတော့ ကျန်းမာရေးအခြေအနေအရချက်ချင်း ဆေးရုံတင်လိုက်ရတဲ့ ပရိသတ်အချစ်တော် ချမ်းမြေ့မောင်ချိုအတွက်လည်း အမြန်ဆုံးနေပြန်လည်ကောင်းမွန်ပြီးနောက်ဆုံးဖိုင်နယ်ပွဲကြီးမှာ အားအင်အပြည့်နဲ့ ပရိသတ်တွေမျှော်လင့်ထားတဲ့ရလဒ်တွေအတိုင်း တစ်ထပ်တည်းကျ စေဖို့ ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြပါအုန်းနော်။

သတင်းအရင်းအမြစ် - Thuka Kabar Hospital

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။