လက်ရှိ ပြည်တွင်း မြန်မာ့ပညာရေးကို တိုးချဲ့ မြှင့်တင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ အဆင့်မြင့်တိုးချဲ့သင်ကြားမှုတွေထဲမှာ ပါဝင်ခြင်းမရှိတဲ့ ပြည်တွင်း မြို့၊ ရွာ၊ ကျေးလက်များစွာရှိနေတာကိုတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။ အဆိုပါ မြို့တွေထဲမှာ ပဲတိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများစွာလည်း ပါဝင်လျှက်ရှိကြောင်း သိရပါတယ်။  

လက်ရှိ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်မှ ရေလမ်းခရီး ၁၇ မိုင်ခန့်သွားရတဲ့ ရွှေလှေစု ကျေးရွာမှ အလယ်တန်းကျောင်းလေးကတော့ ပရိသတ်တွေမြင်တွေ့ရတဲ့အတိုင်းပဲဖြစ်ပါတယ်။ ဆင်းရဲချို့တဲ့ပြီး ပညာသင်ကြားမှုအတွက် အခက်အခဲရှိတဲ့ဒေသတစ်ခုမှာဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းစတ်ကျောင်းလည်းဖြစ်ပါတယ်။ ၁-၆-၂၀၁၈ ရက်နေ့က မှုလတန်းပညာရေးကို အလယ်တန်းပညာရေးအဆင့်သို့ ပြောင်းလဲသင်ကြားခဲ့တာဖြစ်ပြီး ပညာသင်ကြားသူကလေးငယ်များစွာရှိနေတာကိုတွေ့ရပါတယ်။  

ပညာသင်ကြားရန်အတွက် ဖြစ်သလိုရသလို ပုံစံလေးတွေနဲ့သာ သင်ကြားနေရပြီး လက်ရှိ ကလေးငယ်တွေနဲ့ အနာဂတ်ကို မီးထွန်းပေးနေတဲ့ ကျောင်းလေတစ်ခုပဲဖြစ်ပါတယ်။ ပြည်တွင်း ချို့တဲ့ဆင်းရဲနေတဲ့ ကျောင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်နေတဲ့ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ် ရွှေလှေစုကျေးရွာမှာ အလယ်ကျောင်းကလေးရဲ့ ပုံရိပ်လေးတွေနှင့်အတူ ဗီဒီယိုဖိုင်လေးကိုပါ ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Min Kyaw Thu Htay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။