ဓမ္မတာလာခြင်းဟာ မိန်းကလေးတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ ရာသီသွေးမှန်နေရင် ဘာမှစိုးရိမ်းစရာမရှိပေမဲ့ ရာသီသွေးမလာတဲ့အခါ ဂရုစိုက်ရမယ်ဆိုတာ သိပါသလား၊ ရာသီသွေးမမှန်ရင် ပေါ့ ဆလို့မရပါ။ ဘာကြောင့်မလာတာလဲဆိုတာကို ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။စောရောက်လည်းရှိလား နောက်ကျ မှရောက်လဲရှိလားဆိုတာကိုတော့ မိမိကိုယ်ကိုကိုယ်မှတ်သားထားရမှာဖြစ်ပါတယ်။ သွေးဆုံးခါနီး လည်း ရာသီသွေးဆင်းတာ များလိုက်နည်းလိုက်ဖြစ်တတ်တဲ့အတွက် ဂရုစိုက်ရပါမယ်။

ကိုယ်ဝန်တားဆေးတွေကြောင့်လည်း ရာသီမမှန်တာ၊ ရက်ပြောင်းသွားတာ၊ ရက်ကျော်သွားတာတွေဖြစ်တတ် ပါတယ်။ဟော်မုန်းမညီမျှတဲ့သူ စိတ်ပိုင်းဆိုင်ရာ အတက်အကျများတဲ့သူ တွေလည်းဖြစ်တတ်ပါတယ်။ ၂ လ ၃ လမှ တစ်ခါပေါ်တယ်ဆိုရင် သားအိမ်မှာ ရေအိမ်တည်လားစစ်ကြည့်ပါ။ ဆေးတွေသောက်ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။နေထိုင်းမကောင်းရင်လည်း ရာသီသွေးထိမ်တတ်ပါတယ်။ 

ရာသီမမှန်ခြင်းအတွက် လက်လှမ်းမိရာဆေးတွေမသောက်ကြပါနဲ့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြသတိုင်ပင် ဖို့လိုပါတယ်။ ရာသီလာတဲ့အခါ ချုပ်စာတွေမစားပါနဲ့ စိတ်ဖိစီးမှုကိုတတ်နိုင်သမျှရှောင်ပါ။ မိန်းမလေးတိုင်း ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source : Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။