သြဂုတ်လ ၉ ရက်နေ့ မနေ့ညက သန်းခေင်းယံအချိန် ၁၂ နာရီ၃၅မိနစ် တွင် ရန်ကုန်တိုင်းဒေသကြီးတွင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မနေ့ည(ဒီကနေ့ အစောဆုံးအချိန်)မှာပဲ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ကွန်တိန်နာတစ်စီးအပါအဝင် ကားများဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက် သန်ခေါင်ယံ အချိန် ၁၂ နာရီ ၃၅ မိနစ်(ဒီကနေ့ နံနက်အစောပိုင်း)တွင် ကွန်တိန်နာတစ်စီးနှင့်ဒိုင်နာယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ ၎င်းယာဉ်တိုက်မှုကြောင့် နေအိမ်တစ်လုံး၏ မျက်နှာစာလည်း ပျက်စီးမှုများ ဖြစ်ပွားခဲ့ပါကြောင်း ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။ 

“ကျွန်တော်တို့ အိပ်နေတုန်း အသံကြီး ကြားလိုက်ရတာ။ တိုက်တာ ဘယ်လောက်ပြင်းလဲတော့ မသိဘူး။ ကွန်တိန်နာ က ခေါင်းတော်တော်ထိသွားတယ်” ဟု ကြည့်မြင့်တိုင်မြို့နယ်တွင် နေထိုင်သူ ကိုမြင့်နိုင်က ပြောပြထားပါတယ်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများအပါအဝင်ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး ယာဉ်မောင်ညီအကိုများအတွက် သတိထားမောင်းနှင်ကြဖို့ တိုက်တွန်းရင်း ဒီကနေ့ နံနက်အစောဆုံးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုပုံရိပ်မျျားကို ချစ်ပရိသတ်မျှဝေပေးလိုက်ပါတယ်။

Photos - Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။