ဒီဖြစ်စဉ်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပါလက်စတိုင်းစစ်သွေးကြွတွေဟာအစ္စရေးတောင်ပိုင်းကို မော်တာတွေနဲ့ ဒုံးကျည်တွေ အလုံး ၁၈၀ကျော်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုပစ်ခက်မှုကြောင့် အစ္စရေးစစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၁၅၀ကျော်ဖြင့် တုံပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို ဟားမတ်စ်တိုက်ခိုက်ရေးသမား ၁ဦး၊ကိုယ်ဝန်ဆောင်၁ဦးနှင့်ရင်ခွင်ပိုက်ကလေးတစ်ဦး သုံးဦးတို့သေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။ပါလက်စတိုင်းစစ်သွေးကြွများမှတိုက်ခိုက်မှုကြောင့် အစ္စရေး မှာနေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးအပါအဝင် လူတော်တော်များများလည်း ထိခိုက်ခဲ့တယ်လို့သိရပါတယ်။

အစ္စရေးစစ်တပ်ကလည်း ပစ်မှတ်ထားထားတဲ့ ဟားမတ်စ်တွေရဲ့ လက်နက်ထုတ်လုပ်တဲ့နေရာ၊သင်တန်းနေရာနှင့်ဗျူဟာမြောက်စစ်ဘက်နေရာတွေကို ကို ပစ်မှတ်ထားတယ်လို့လည်းသိရပါတယ်။ဒီတိုက်ပွဲဟာဖြစ်ပွားခဲ့တာကတော့အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ယခုတိုက်ခိုက်ခြင်းဟာ ၂လအတွင်း ၃ ကြိမ်မြောက်တိုက်ပွဲလို့လည်းဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ်-dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။