အာရှအားကစားပြိုင်ပွဲကြီးကျင်းပဖို့ကလည်း၅ရက်လောက်သာလိုပါတော့တယ်။အာရှအားကစားပြိုင်ပွဲ

ကြီးနီးကပ်လာတာနဲ့အမျှမြန်မာယူ၂၃အသင်းကလည်းအာရှထိပ်သီးအသင်းတွေကိုရင်ဆိုင်နိုင်ဖို့အတွက်

ကြိုးကြိုးစားစားလေ့ကျင့်နေတာလည်းဖြစ်ပါတယ်။မြန်မာယူ၂၃အသင်းဟာအာရှအားကစားပြိုင်ပွဲမတိုင်ခင်

နောက်ဆုံးခြေစမ်းပွဲအနေနဲ့မြန်မာယူ၂၃အသင်းရဲ့အဓိကစားကမားအောင်သူကစားနေတဲ့Police Tero အသင်းနဲ့ခြေစမ်းမှာဖြစ်ပါတယ်။

PoliceTeroအသင်းကလည်း၇.၈.၂၀၁၆ကနီပေါယူ၂၃အသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပီး၁ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့

အနိုင်ရထားတာဖြစ်ပါတယ်။လက်ရှိမှာတော့မြန်မာယူ၂၃အသင်းရဲ့အပြီးသတ်စာရင်းကိုမထုတ်ပြန်သေးပဲ

PoliceTeroအသင်းနဲ့ခြေစမ်းပွဲပီးမှထုတ်ပြန်သွားမှာဖြစ်ပါတယ်။မကြာသေးခင်ကကျင်းပတဲ့

လေးနိုင်ငံဖလားပြိုင်ပွဲမှာမြန်မာအသင်းရဲ့ခြေစွမ်းတွေကိုအရင်နဲ့မတူပဲတစ်ပွဲထက်တစ်ပွဲပိုပီးကောင်းမွန်လာတာကိုတွေ့ရပါ တယ်။

မြန်မာအသင်းကဒီခြေစွမ်းပွဲပီးတာနဲ့အပြီးသတ်လူရွေးချယ်ပီးအင်ဒိုနီးရှားနိုင်ငံကိုထွက်ခွာမှာလည်းဖြစ်ပါတယ်။

အာရှအားကစားပြိုင်ပွဲမှာမြောက်ကိုရီးယာ၊ဆော်ဒီ၊အီရန်တို့လိုအာရှအင်အားကြီးတွေနဲ့ကျရောက်နေတဲ့

မြန်မာအသင်းကတော့အုပ်စုတက်နိုင်ဖို့အတွက်ရုန်းကန်ရမှာဖြစ်ပါတယ်။အကောင်းဆုံးကစားသမားတွေရဲ့

အကောင်းဆုံးခြေစွမ်းတွေပြပြီးကြိုးစားရမယ့်မြန်မာအသင်းကိုအားပေးရင်းနဲ့နက်ဖြန်ခြေစမ်းပွဲလေးကိုအာပေးကြရအောင်ဗျာ။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။