YBS အမှတ် ၁၀ ယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး

ဖေဖော်ဝါရီ ၇ ရက် နံနက် ရနာရီခန့် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း အသင်းတိုက်မှတ််တိုင်၌ YBS ယာဉ်လိုင်းအမှတ် ၁၀ ပေါ်မှ အမျိုးသမီးပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ခရီးသည်အတင်အချပြုလုပ်ပြီး ယာဉ်ပြန်လည်ထွက်ခွာစဉ် အသက် ၅၂ နှစ်အရွယ်ရှိ ဒေါ်ဝင်းကြည်ဆိုသူမှာ ယာဉ်ပေါ်မှပြုတ်ကျခဲ့ပြီး ယာပေါင် တင်ပါး နှင့် တံတောင်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး အရှေ့ပိုင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ရရှိခဲ့သောဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ယာဉ်မောင်းဖြစ်သူ စောသန့်ဇင် ၃၈ နှစ် နှင့် ယာဉ်နောက်လိုက် မျိုးသူအောင်တို့ကို ပုဒ်မ ၃၀၄ ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

Source: YBS News Update

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။