သြဂုတ်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ချက်များအရ ရုရှားနိုင်ငံ နိုင်ငံခြခားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova ကရုရှားနိုင်ငံဘက်ကလည်း အမေရိကန်အရေးယူပိတ်ဆိုးမှုနဲ့တန်းတူညီမျှတဲ့ တုံ့ပြန်မှုကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အရေးယူဆောင်ရွက်လျက်ရှိရာတွင် ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်လိုကြောင်းပြောကြားနေခြင်းမှာထင်ရှားသည့် ဟန်ဆောင်မှုဖြစ်ကြောင်း Zakharova က ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားစွာဖြစ်စေရန်ဆောင်ရွက်ချက်များ အားလုံးဟာ ရုရှားဖက်မှ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၈ ရက်တွင် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ရုရှားထောက်လှမ်းရေး အရာရှိဟောင်းနှင့်သမီးဖြစ်သူ မှ ဗြိတိန်နိုင်ငံတွင် အဆိပ်မိသေဆုံးခဲ့ခြင်းနှင့်ပတ်သတ်ပြီး ရုရှားအပေါ်အရေးယူ ပိတ်ဆိုးမှုတွေပြုလုပ်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒီပိတ်ဆိုးမှုများကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။