ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားပြည်နယ်တွင် အသက် ၇၁ နှစ်အရွယ် ဆစ်ခ်ဘာသာဝင် အဘိုးအိုတဦးကို တိုက်ခိုက်မှုနဲ့ ရဲချုပ်တစ်ဦးရဲ့သားဖြစ်သူကို ဖမ်းဆီးခဲ့တဲ့လို့သိရပါတယ်။ဆာဟစ်ဘ် ဆင်းဂ်နတ်ထ်လို့အမည်ရတဲ့ အဘိုးအိုကတော့ လမ်းမတွင်လမ်းလျောက်သွားနေတုန်း လူငယ်နှစ်ယောက်ရောက်ရှိလာခဲ့ပြီး သူကိုရန်ပြုကာ စနောက်ကန်ကြောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။အဆိုပါ ရန်မူခဲ့တဲ့သူတွေကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်များဖြစ်ပြီး ဆက်လက်စုံစမ်းဆေးရာ ရဲချုပ်တစ်ဦးရဲ့ သားဖြစ်နေတာကို သိခဲ့ရတာပဲ ဖြစ်ပါတယ်။  

ထိုလူငယ်(၂)နှစ်ဦးအနက် တစ်ယောက်ကတော့ ဒါရဲလ် မက်အယ်လစ်စတာလို့အမည်ရတဲ့ ရဲချုပ်ရဲ့သားဖြစ်တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်မှာ လူငယ်တွေက သာမာန်စနောက်ရန်မူခဲ့တာမဟုတ်ပဲ လုယက်ဖို့ ကြိုးပမ်းမှုြုဖစ်တယ်လို့ ရဲတွေက စစ်ဆေးဖော်ထုတ်ခဲ့ပါတယ်။ ရဲချုပ်ကတော့ ဒီအမှုမှာပါဝင်နေသူဟာ သားဖြစ်သူဖြစ်တယ်လို့သိရပြီးတဲ့နောက်မှာတော်တေ်ာလေးကို အရှက်ရခဲ့ရတယ်လို့ဆိုပါတယ်။

ရဲချုပ်ရဲ့လူမှုကွန်ယက်မှာလည်း “ကျနော်နဲ့ ဇနီးသည်၊ သမီးတွေ ဘယ်လောက်ရှက်ရတယ်၊ ထိခိုက်ခံစားရတယ်ဆိုတာ စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘူး” လို့ ရေးခဲ့တာကိုမြင်တွေ့ရပါတယ်။ဆက်လက်ပြီး “အကြမ်းဖက်မှုနဲ့ အမုန်းတရားဟာ ကျနော်တို့က သားသမီးတွေကို သင်ပေးတဲ့ အရာတွေ မဟုတ်ဘူး၊ သည်းမခံမှုဟာ ကျနော်တို့တန်ဖိုး မဟုတ်ရုံမက ကျနော်တို့ရဲ့ အဘိဓာန်ထဲမှာတောင် မရှိဘူး” လို့လည်းေးဒသတွင်းမီဒီယာတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။