မြန်မာအိုင်ဒေါ မိသားစုဝင်တစ်ဦးဖြစ်တဲ့ season 2 Number 4 ပြိုင်ပွဲဝင် မိုင်းမိုင်ဆန်းကတော့ ကိုယ်တစ်ခွန်းဆဲရင်ကိုယ့် idol ၁ ခွန်းဆဲခံရမယ်..ကိုယ်ကမပြီးနိုင်မစီးနိုင် ဆဲနေရင် ကိုယ် idol လည်းမပြီးနိုင်မစီးနိုင်ဆဲခံနေရမယ်လို့ ပြောဆိုလိုက်ပါတယ်။ Rockerမလေး မိုင်းမိုင်ဆန် ဟာ Myanmar Idol Season 2 မှာ ပရိသတ်တွေအားပေးမှုကို ရရှိထားတာလည်းဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာကျန်ရှိတဲ့ ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချိုပရိသတ်တချို့ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ပွဲဆူနေချိန်မှာ မိုင်းမိုင်ဆန်က သူမရဲ့ ဖေ့ဘုတ်ကနေ ခုလိုအကျိူးသင့်အကြောင်းသင့် ပြောလိုက်တာပဲ ဖြစ်ပါတယ်။

မိုင်းမိုင်ဆန်ကတော့ "ဘယ်သူwinner ဖြစ်ဖြစ်ဖြစ် ခင်များတို့အတွက် တစ်ခုမှမပါဘူး..အနည်းဆုံးပါရင် အလှူတွေလုပ်တဲ့အခါခင်များတို့ အတွက်We love အဖွဲ့ဆိုပြီးခေါင်းစဉ်တပ်ရုံဘဲလုပ်ပေးလို့ရမှာ..စိတ်ဆိုးလည်းနာလည်းမတတ်နိုင်ဘူးဒါအမှန်တရားဘဲ...ကိုယ်တိုင်တွေလည်းအဲ့လိုဘဲဖြတ်သန်းခဲ့ဖူးလို့ပြောတာ..အလကားနေ ဆဲနေကြတာ.. winner ရတဲ့ပိုက်ဆံတွေနဲ့ တိုက်ဆောက်ပေးမယ်များကတိပေးထားကြလို့ အဲလောက်ကြီးဝိုင်းဆဲနေကြတာလား... ဘာမျှော်လင့်ချက်မပါဘူးဒီတိုင်း အားပေးတာဆိုလည်းဆဲဆိုမနေနဲ့လေ..ဆဲနေလို့ထူးတာတစ်ခုခုများရှိလာလို့လား?? ထူးတော့ထူးလာတယ် ၂ ယောက်လုံး စိတ်ထောင်းကိုယ်ကြေစိတ်ဓာတ်တွေနာလံမထူနိုင်အောင်ကျသွားကြတာဘဲ...လိုချင်မြင်ချင်နေတာအဲ့လိုပုံစံမျိုးလားအရပ်ကတို့ရေးးး..." လို့ဆဲဆိုလို့ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲပြသနာတွေကို ထောက်ပြထားပါတယ်။

ဆက်လက်ပြီး "၂ဖက်လုံးကကိုယ်စီချစ်တဲ့သူတွေကြောင့်တက်လာတာ..မသိရင်ဘဲ ဟိုဖက်ကို ကိုယ့်ပိုက်ဆံတွေပါသွားသလိုလိုကိုယ်တစ်ခွန်းဆဲရင်ကိုယ့် idol ၁ ခွန်းဆဲခံရမယ်..ကိုယ်ကမပြီးနိုင်မစီးနိုင် ဆဲနေရင် ကိုယ် idol လည်းမပြီးနိုင်မစီးနိုင်ဆဲခံနေရပြီး စိတ်ဓာတ်တွေဂျုံးဂျုံးကျ နေကြတာ မမြင်ကြတာလားကွယ်..သူတို့နေရာမှာ ကိုယ့်သားကိုယ့်သမီးသာဆိုရင်ဆိုပြီး ခနလေးဘဲသူတို့နေရာမှာဝင်ကြည့်လိုက်စမ်းပါ"လို့ကိုယ်ချင်းစာစိတ်ထားနိုင်အောင်ပြောဆိုလိုက်ပါတယ် ။ ပရိသတ်ကြီးရေ ကိုယ်အားပေးတဲ့ အိုင်ဒေါကို အားပေးပြီး တခြားသူကို ဆဲဆိုတာဟာ မိုင်းမိုင်ဆန်ပြောထားသလိုများဖြစ်နေမလား ........မှတ်ချက်မှာ ထင်မြင်ချက်သဘောထားလေးတွေရေးခဲ့ကြပါဦးနော်။

Source - Mai Mai Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။